Flash Memory
ကိုယ်အောက်ကနေ ဆူညံတဲ့ အော်သံတွေ ထွက်ပေါ်လာသည်။ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလောက်အောင် ပူနေတဲ့ သူစိမ်းတစ်ယောက်ရဲ့ ခန္ဓာကိုယ်က တင်ပါးနဲ့ ပေါင်အောက်မှာ ခံစားနေရသည်။ လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ထားတဲ့ သူစိမ်းရဲ့ လည်ပင်းက ချွေးတွေနဲ့ ချောနေသည်။ ထယ်ရင်းရဲ့ လည်ပင်းကြောမှာ တုန်ခါနေတဲ့ သွေးခုန်သံက ဗုံတီးသလို ဆူညံနေသည်။ အမြင်အာရုံလည်း မှုန်ဝါးနေပြီး အောက်မေးရိုးနဲ့ ပါးပြင်တွေ ဆက်တိုက် ကျဉ်လာသည်။
အထိန်းအချုပ်မရှိ ကျလာတဲ့ အာရုံတွေ ပေါင်းစပ်ပြီးတဲ့နောက်မှာ ထယ်ရင်း အဖြေရှာမရဖြစ်သွားသည်။ အခု သူစိမ်းတစ်ယောက်ပေါ်မှာ တက်ထိုင်ပြီး သူ့ လည်ပင်းကို ညှစ်နေတာဖြစ်သည်။ ဘာလုပ်နေလဲဆိုတာသာ ရှင်းပြလို့ရပေမယ့် ဘာကြောင့်လုပ်နေရတာလဲဆိုကိုတော့ မဖြေနိုင်ခဲ့ပါ။
'ဘာလို့လဲ?'
မေးခွန်းထုတ်နေတဲ့ အသိတရားထက်,
'သေ!!!! သေလိုက်!!!!"
နားထင်ကို ရိုက်နေတဲ့ ဒေါသတကြီး အော်ဟစ်သံက ရှေ့တန်းရောက်နေသည်။
နှစ်ခါသုံးခါ မျက်လုံးမှိတ်ပြီး ပြန်ဖွင့်တော့ အမြင်အာရုံကို ဖုံးကွယ်နေတဲ့ မြူခိုးတွေ ကင်းစင်သွားသလိုပင်။ သွေးတွေ ပေပွနေတဲ့ ယောက်ျားတစ်ယောက်ရဲ့ မျက်နှာကို ရုတ်တရက် မြင်လိုက်ရသည်။ လက်နှစ်ဖက်နဲ့ ညှစ်ထားတဲ့ လည်ပင်းက ဘယ်လောက်မှမရှိတဲါ အသားတွေက မေးစေ့အောက်အထိ စုလာပြီး ကြည့်ရဆိုးနေသည်။ သူစိမ်းက ချောင်းတွေဆိုး ဆဲဆိုပြီးနောက် သူက ထယ်ရင်းရဲ့ မေးစေ့နဲ့ ပခုံးကို ဗရုတ်သုတ်ခ ရိုက်သည်။
ကျောနောက်ကနေ တစ်စုံတစ်ယောက်ရဲ့ အော်သံနဲ့ သက်ပြင်းချသံတွေ ကြားရပြန်သည်။
'အာ...'
ထယ်ရင်း ပေါ့ပေါ့ဆဆနဲ့ပဲ ပုံရိပ်ယောင်လို့ထင်ကာ နစ်မြောနေသည်။
'အိပ်မက်ပဲနေမယ်...'
သွေးတွေ ပေပွနေတဲ့ မျက်နှာက ထယ်ရင်း သိတဲ့ လူတစ်ယောက်နဲ့ ဆင်တူနေသည်။ နှာခေါင်းရိုးက အရေပြားက စုတ်ပြဲပြီး မျက်လုံးနှစ်ဖက်လည်း မျက်ဖြူဆိုက်နေတာ ဖြစ်လို့ မှတ်မိဖို့ ခက်ပေမယ့် ခပ်ပါးပါး... မျက်ခုံးတွေက ဂန်ဟယ်အာနဲ့ ဆင်သည်။
YOU ARE READING
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
RomanceTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
