အပိုင်း (၆၅) <အတွဲ ၃>

1.5K 165 3
                                        

မျက်နှာဖုံး

ချောင်းထယ်ရင်းဆိုတာ ယူနီကွန်းလိုပါပဲ။ မိုးရွာပြီးနောက် ပေါ်လာတဲ့ သက်တံ, သဲကန္တာရထဲက အိုအေစစ်, ညကောင်းကင်ရဲ့ အတောက်ပဆုံးကြယ်, ဆောင်းတွင်း အေးခဲနေချိန်မှာတောင် မငြိမ်းနိုင်တဲ့ မီးတောက်, မကျူးလွန်ဖူးတဲ့ အပြစ်တွေကိုတောင် ဝန်ခံချင်စိတ်ပေါက်စေတဲ့ အလှတရားရဲ့ နတ်ဘုရား။ ပြီးတော့... ပြီးတော့... တခြားလှပတဲ့ စကားလုံးတွေ မရှိတော့ဘူးလား။ အာ... ကိုရီးယားစာကို ပိုလေ့လာထားခဲ့သင့်တာ။

ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာပေါ်က ကောင်းတဲ့စကားလုံးအားလုံးကို သူ့ကိုဖော်ညွှန်းဖို့ပဲ သုံးချင်မိသည် မနက်စောစော နိုးလာပြီး ထယ်ရင်းရဲ့ အိပ်နေတဲ့မျက်နှာကို ကြည့်နေရရင် ဒီလိုပဲ ခံစားရသည်။

ခရမ်းရောင်လွှမ်းပြီး မှောင်မိုက်နေတဲ့ အခန်းထဲကို မနက်ခင်းနေရောင်ခြည်တွေ တွားသွားဝင်လာတဲ့အထိ ထယ်ရင်းကို စိုက်ကြည့်နေခဲ့သည်။ အသက်တောင် တိုးတိုးလေး ရှူပြီး ခြေဖျားလေးတွေ ကွေးကာ စိတ်အာရုံစိုက်မှုအားလုံးကို ထယ်ရင်းအပေါ်မှာပဲ အစွန်းကုန် အသုံးချထားသည်။ ဘယ်နှစ်ခါ ကြည့်ကြည့် အသစ်အသစ်တွေနဲ့ ဆွဲဆောင်မှုရှိပြီး ချောမောတဲ့ ဒီက လူက ဟယ်အာ့ အမျိုးသားဖြစ်နေတယ်ဆိုတဲ့ အချက်ကို မြည်းစမ်းကြည့်လိုက်တော့ တံတွေးတောင် ချိုလာသလို ခံစားရသည်။

နှုတ်ခမ်းအောက်မှာ အရိပ်ပေါ်နေတဲ့ မျဉ်းကြောင်းလေးအထိ အရာရာတိုင်း ပြေပြစ်တဲ့ ဒီလူက ချိုမြိန်တဲ့ အသံနဲ့

'ချစ်တယ်'

လို့ ပြောခဲ့တဲ့အချက်က ဟယ်အာ့ ရင်ထဲ လှိုက်ဖိုစေသည်။

ပုံမှန်ဆို ညဇီးကွက်ဖြစ်တဲ့ ဟယ်အာက မနက်ခင်းစောစော ထတတ်တဲ့ ထယ်ရင်းထက် ၂ နာရီစောပြီး နိုးနေရတဲ့ အကြောင်းရင်းက သူ့ကို ခိုးကြောင်ခိုးဝှက်နဲ့ ခံစားကြည့်ရှုဖို့သက်သက်တော့ မဟုတ်။ 'ရုပ်ရည်က မင်း ထမင်းကျွေးလား' ဆိုတဲ့ စနောက်မှုတွေမှာ 'ဟုတ်ကဲ့!' လို့ ပျော်ပျော်ရွှင်ရွှင် ပြန်ဖြေနိုင်လောက်တဲ့ သူ့ကို ကြည့်ရတာက အိပ်တာထက် ပိုပျော်ဖို့ကောင်းတာတော့ မှန်ပါသည်။ ဒါပေမယ့် ဟယ်အာ့ရဲ့ အိပ်ချိန်တွေကို အနှောင့်အယှက်ပေးနေတဲ့ အဓိက တရားခံကတော့ imprinting နောက်ဆက်တွဲ လက္ခဏာတွေဖြစ်သည်။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now