အပိုင်း (၈၀)

1.1K 185 19
                                        

ကျွန်တော့် အမျိုုးသား, ကျွန်တော့်ဘက်သား

ဖြူဖွေးနေသော မျက်နှာကျက် ကြွေပြားများကို ဦးစွာမြင်လိုက်ရသည်။

'အင်း.. ကောင်းကောင်း ပြောင်းလဲသွားပြီ ထင်ပါရဲ့'

ဗိုက်ထဲက ကျဉ်တက်နေပြီး ရင်ဘတ်က နာကျင်နေသည့်တိုင် စိတ်အေးချမ်းမှုက ဟယ်အာ့ကို နှစ်သိမ့်ပေးနေသည်။

ဘာကြောင့်လဲဆို မျက်စိရှေ့က ဖြူဖွေးသော မျက်နှာကျက်သည် ကမန်းကတန်း ကုန်လွန်စေခဲ့သည့် အသက် ၂၆ နှစ်ဘဝတွင် တစ်ခါမှ မမြင်ဖူးသည့် ပုံစံမျိုး ဖြစ်သောကြောင့်ပင်။ စိမ်းသက်သော မြင်ကွင်းက အကိုက်အခဲပျောက်ဆေးကဲ့သို့ ဟယ်အာ့ နာကျင်မှုတွေကို လျှော့ချပေးနေသည်။ လက်မောင်းတွင် စိုက်ထားသော ဆေးသွင်းပိုက်မှ ဆေးရည်သည်လည်း ပထမဆုံးအကြိမ် မြင်ဖူးသည့် အရောင်အသွေးရှိပြီး ပုလင်းသုံးမျိုး ချိတ်ထားတဲ့အပြင် သွေးထုပ်တစ်ခုပါ ချိတ်ဆွဲထားသည်။

တကယ်ပဲ ကိုယ်ထဲကို ဘယ်လောက်တောင် ဆေးတွေ ထိုးထည့်လိုက်တာများတဲ့ အသိတွေ ဝေဝါးပြီး မေ့မျောနေသလို ခံစားရသည်။ လက်ချောင်းထိပ်နှင့် ထိတွေ့နေသော အိပ်ရာခင်းရဲ့ အထိအတွေ့ကိုပင် မခံစားနိုင်လောက်အောင်ပင်။

အရာအားလုံးက လုံးဝကို စိမ်းသက်နေသည်။

'အခုတော့ ငါလည်း မသိတော့ဘူး...'

ထိုသို့သော အတွေးမျိုး ဝင်လာသည်။

'ဒီအချိန်ကစပြီး... ငါလည်း မသိတော့တဲ့ ဇာတ်လမ်းပဲ'

ပြီးခဲ့တဲ့.. ကြုံတွေ့ခဲ့ဖူးတဲ့၊ ခံစားခဲ့ရဖူးတဲ့၊ ငိုကြွေးခဲ့ဖူးတဲ့ အတိတ်က ကုန်ဆုံးသွားခဲ့ပြီ။ လဲကျခဲ့၊ လူးလိမ့်ခဲ့၊ တွားသွားခဲ့ဖူးတဲ့ အဆိုးဆုံး လမ်းကြောင်းကနေ ခန္ဓာကိုယ်ကို လှိမ့်ချပြီး ထွက်ပြေးခဲ့လို့များလား။ ဒါကြောင့် အခုအချိန်ကစပြီး ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ အရာအားလုံးက အသစ်အဆန်းတွေချည်းပါပဲ။

ဥပမာ.. လက်မောင်းက ဆေးရည်တွေ၊ ဆေးရုံက ထွက်တဲ့ ပိုးသတ်ဆေးနံ့တွေ၊ စိုးရိမ်တကြီးမျက်နှာနဲ့ ကြည့်နေကြတဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်ရဲ့ မျက်နှာတွေ...

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Donde viven las historias. Descúbrelo ahora