အပိုင်း (၁၁)

5.9K 863 31
                                        

[Unicode]

သူ တကယ်တမ်း ဝတ်ဖြစ်မယ့် နက်ကတိုင်က ဘာဖြစ်မလဲဆိုတာ ဒီဇိုင်နာကို ပြောပြမလို့ လုပ်နေရာကနေ ဟယ်အာ ရပ်လိုက်သည်။ လက်ပေါက်ကတ်တဲ့ ဒီဇိုင်နာလေး အလုပ်ကြိုးစားရနပ်သွားအောင်လို့ မပြောတာက ကောင်းလောက်မည်။

ဘယ်လိုပဲဖြစ်ဖြစ် ဟန်ဆောင်းဂရုက အငယ်ဆုံးသားလေးနဲ့ AOM ရဲ့ CEO ချောင်းထယ်ရင်းတို့ မင်္ဂလာပွဲဆိုတာ တစ်ပါးသူတွေကို ပြသဖို့ရာ ရှိုးပြဖို့ရာသက်သက် ဖန်တီးထားတဲ့ ပွဲတစ်ခုပင်ဖြစ်သည်။ ဒီ အစီအစဉ်ကြီးထဲမှာ ဟယ်အာ စိတ်တိုင်းကျ ထိန်းချုပ်နိုင်တာဆိုလို့ ဘာတစ်ခုမှမရှိပေ။ လေဆိပ်ကနေ မထွက်ခွာခင်အထိ တောက်လျှောက် လိုက်လာတဲ့ အကြည့်တွေကနေ လွတ်ထွက်ပြီး .. သူရယ် ထယ်ရင်းရယ် နှစ်ယောက်တည်း သွားဖြစ်မယ့် ဟန်းနီးမွန်းခရီးက လွဲလို့ပေါ့။

TAHITI ကို သွားဖို့ စီစဉ်ထားပြီးသား ခရီးတစ်ခုလုံးကို ဖျက်ပစ်လိုက်နိုင်တာနဲ့တင် သူဆိုတဲ့ ဂန်ဟယ်အာသည် အံ့မခန်း လူသားတစ်ယောက်ဖြစ်သည်။ လွန်ခဲ့တဲ့သုံးလကတည်းက ဟိုတယ်ကနေ အလည်အပတ်နေရာတွေအထိ စီစဉ်ထားပြီးသား ကိစ္စကို လက်ဖဝါးလေး တစ်ချက် လှန်သလို "မသွားချင်ဘူး" တစ်ခွန်းတည်းနဲ့ အတွင်းရေးမှူးသည် ချက်ချင်း သေချင်စော်နံသွားရသည်။ TAHITI က သူ့အတွက်ရော ထယ်ရင်းအတွက်ပါ မကိုက်ညီတဲ့ နေရာဖြစ်တဲ့မပြင် မပျော်ရွှင်ရမယ့် နေရာ ဖြစ်မှာကို ကြိုသိထားတာမို့ တွေဝေနေစရာတောင် မလိုတော့ပေ။

အရင်ကရော.. ပြီးတော့ အခုရော, ချောင်းထယ်ရင်းဆိုတဲ့ အမျိုးသားနဲ့ သူဟာ ဘယ်လိုမှ ရိုမန့်တစ်ဆန်တဲ့ ကြင်စဦးမောင်နှံ ဖြစ်လာမှာမဟုတ်ပေ။ ဒီလိုလူနှစ်ယောက်ကို လှပတဲ့ ကမ်းခြေ၊ ချိုချိုမြမြ မင်္ဂလာဦးအခန်းထဲ ထည့်ပိတ်ထားလည်း နဂိုထက်ပိုပြီး နေရခက်မှာ အမှန်ပင်။

အတိတ်က ဟန်းနီးမွန်းခရီးကို ပြန်တွေးကြည့်လိုက်ရင် အဲ့လိုဖြစ်ခဲ့တာမှန်သည်။

' ရှေ့ရေးဆိုတာ မသိနိုင်တာမို့လို့...'

ဆိုပြီး မဟုတ်တရုတ် မျှော်လင့်ချက်တွေထားပြီး ဂန်ဟယ်အာဟာ beta အဆင့်လောက်နဲ့ သန့်သန့်ရှင်းရှင်း ရေချိုးပြီး ထွက်လာတော့ ထယ်ရင်းက အိပ်တောင်ပျော်နေခဲ့လေသည်။ ကျေးဇူးတင်စရာကောင်းလှတဲ့ သတင်းထောက်တွေကနေ အစပြုပြီး လူကုံထံ လုပ်ငန်းရှင်တွေ၊ နိုင်ငံရေးသမားတွေ၊ ပန်းချီဆရာတွေနဲ့ အနုပညာရှင်တွေအထိ စည်ကားခဲ့တဲ့ မင်္ဂလာပွဲဆိုတာ အဆိုးဆုံး ပြစ်ဒဏ်လို့တောင် ဆိုနိုင်သည်။ စုံစမ်းစစ်ဆေးရေးအသိုင်းအဝိုင်းက မိသားစုမို့ ချောင်းထယ်ရင်းဘက်က ဧည့်သည်တွေကလဲ ပေါ့သေးသေးမဟုတ်ပေမယ့်..။ ထယ်ရင်းဘက်က ဧည့်သည်တွေက "တစ်"ဆိုရင် ဟယ်အာ့ ဧည့်သည်တွေက "ကိုး" လောက်ဖြစ်သည်။ ရှင်းရှင်းပြောရရင် အကုန် အဖေ့ ဧည့်သည်တွေဆိုပေမယ့်ပေါ့လေ။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Donde viven las historias. Descúbrelo ahora