"ကျွန်တော်က alpha အနံ့တွေမှာ လုံးဝမတုန်လှုပ်ဘူး။ တိရစ္ဆာန်လို ရုတ်တရက် စိတ်ကြွတာမျိုးလည်း မရှိသလို alpha နဲ့ မိတ်မလိုက်ဘဲ မနေနိုင်တဲ့ ဉာဏ်နည်းတဲ့ကောင်လည်း မဟုတ်ဘူး။ ဒါပေမဲ့ ဂန်ဟယ်အာရှီကတော့ အဲ့လို ကောင်မလား?"
စက်သေနတ်လိုပဲ ရှီအွန်းချောက တဒတ်ဒတ်နဲ့ စကားလုံးတွေကို ပစ်လွှတ်နေခဲ့သည်။
"အမ်... ဘာပြောတာ...?"
ကြောင်တောင်တောင်နဲ့ မျက်လုံးပဲ မှိတ်တုတ်မှိတ်တုတ် လုပ်နေမိသည်။ အဲ့တာထက် ဘယ်လိုတုံ့ပြန်မှုမျိုး ပေးရမလဲလဲ မသိတော့ဘူး။
"သူဌေးမိသားစုမှာ တစ်သက်လုံး ကိုယ်လုပ်ချင်တာတွေ အကုန်လုပ်ပြီး နေလာခဲ့ပြီးတော့ omega ပြောင်းသွားလို့ဆိုပြီး မျိုးရိုးအကြောင်းပြ ထယ်ရင်းကို ကိုယ့်အပိုင်လိုမျိုး လုပ်နေပြီးတော့များ။ အင်အားနည်း omega အဆင့်နဲ့ ဘာတွေအဲ့လောက်တောင် မာနကြီးနေရတာလဲ?"
"ဘာလို့ ကျွန်တော့်ကို ဒေါသထွက်နေတာလဲ?"
"နေရာလွတ်တာနဲ့ တခြား alpha ခေါ်ပြီး အိပ်နေတာ ထယ်ရင်း သိသွားရင် ဘာများတွေးလိမ့်မလဲ? အတင်းအကျပ် အိမ်ထောင်ပြုထားပြီးတော့ ဒါ ဘာလုပ်တာလဲ"
"မဟုတ်သေးပါဘူး.. ခဏလေး။ ရှီအွန်းချောရှီ..."
စကားလုံးများစွာက ပါးစပ်ထဲမှာ ဝဲနေခဲ့သည်။ ပထမအနေနဲ့ ပြောရမယ်ဆို ဆရာအင်က alpha လဲမဟုတ် beta ဖြစ်သည်။ ဒုတိယအနေနဲ့ နှစ်ယောက် အတူတူ အိပ်တာမရှိဘဲ သီးခြားအခန်းတွေမှာ အိပ်ခဲ့ကြသည်။ နောက်ဆုံးအနေနဲ့ နှစ်ယောက်ကြားမှာ မရေမရာ ဆက်ဆံရေး လုံးဝမရှိဘဲ တစ်ယောက်နဲ့တစ်ယောက် ခံစားချက်မရှိဘူးဆိုတာကိုပါ အတည်ပြုပြီးသား ဖြစ်သည်။
ရှင်းရှင်းလင်းလင်း ပြောပြဖို့ ပါးစပ်ဖွင့်လိုက်သည်။
"......."
ပြီးတော့ ပြန်ပိတ်လိုက်မိသည်။
ဘယ်လို ခုခံကာကွယ်မှုပဲဖြစ်ဖြစ် ဟယ်အာ့ ပါးစပ်ကနေ ထွက်သွားတာနဲ့ ဆင်ခြေတစ်ခုသာ ဖြစ်သွားလိမ့်မည်။ အကြိမ်ကြိမ် ဒီလိုမျိုးနဲ့ပဲ စိတ်ပျက်မှုတွေကို ကြုံခဲ့ဖူးသည်။ ကိုယ့်ကိုယ်ကိုယ် သေသေချာချာ ကာကွယ်ပြောဆိုပေမယ့် ဘယ်သူမှ ယုံမပေးတဲ့အခါ ဘယ်လောက် နက်ရှိုင်းတဲ့ စိတ်ပျက်အားငယ်မှုမျိုး ဖြစ်လဲဆိုတာ ဟယ်အာ သိသည်။ မိသားစုကတောင် လျစ်လျူရှုထားတဲ့ ဟယ်အာ့လို လူမျိုးကို ကမ္ဘာပေါ်က တစ်ယောက်ယောက်ကတော့ ယုံကြည်ပေးမှာပါဆိုတဲ့ မျှော်လင့်ချက်မျိုးကို စွန့်ပစ်လိုက်တာ ပိုကောင်းပါသည်။
YOU ARE READING
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
RomanceTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
