'beta ဆိုပေမယ့်.. ထပ်ပြီး အကြိမ်ပေါင်းများစွာ သုံးလို့ရခဲ့မှာပဲ... '
တောင်ကိုရီးယားရဲ့ ထိပ်တန်းပန်းချီဆရာတစ်ဦးဖြစ်လာပြီး ပန်းချီကားဈေးတွေပါ သိသိသာသာ မြင့်တက်လာတဲ့ ဂန်ဟယ်အာရဲ့ အထွတ်အထိပ်ကာလကို ဘာလို့ ဒီလောက်မြန်မြန်နဲ့ ရုတ်တရက်ကြီး စွန့်ပစ်ခဲ့တာလဲဆိုတဲ့ အချက်က ထူးဆန်းနေသည်။ အခုထိ ရာနဲ့ချီ၊ ထောင်နဲ့ချီ တွေးကြည့်ခဲ့ပေမယ့် အဖြေထုတ်မရတဲ့ မေးခွန်းတစ်ခုပင်။
ဟယ်အာ့ လက်ရာတွေကို စည်းရုံးရေးအတွက် ငါးစာအဖြစ် ဘာလို့ အသုံးချခဲ့တာလဲ။ အဲ့ဒီ့ ကြံစည်မှုတွေနဲ့ သံသယတွေကို ဖြတ်တောက်ပစ်ဖို့ ယောက္ခမကြီးကို ရာထူးကနေ အနားယူစေခဲ့တာ ဘာကြောင့်များလဲ။ ပြီးတော့ ဘာလို့ အကြောင်းမဲ့... စီးပွားရေးလောကရဲ့ နေမင်းသစ်လို ဖြစ်နေတဲ့ ချောင်းထယ်ရင်းကိုမှ ဟယ်အာနဲ့ ရန်တိုက်ပေးခဲ့တာလဲ။
"ဆရာလေး.. ဟို..."
ဂန်ဟယ်အာဆိုတဲ့ ဖဲချပ်က ဆယ်နှစ်၊ အနှစ်နှစ်ဆယ်၊ မဟုတ်ဘူး... အနှစ်သုံးဆယ်လောက် ပိုပြီး အသုံးဝင်နိုင်ခဲ့မှာပဲ။ ဟယ်အာဆိုတာက ဥက္ကဋ္ဌကြီးနဲ့ မန်နေဂျာ ပတ်တို့ ၂၆နှစ်တာကာလပတ်လုံး ကြိုးကြိုးစားစား ဖန်တီးခဲ့တဲ့ icon တစ်ခုပါ။ အနုပညာရှင် ဂန်ဟယ်အာကြောင့် ဟန်ဆောင်းဂရုက ဘယ်လောက် ပိုက်ဆံရှာခဲ့လဲ။ ဒီလို icon မျိုးကို နိုင်ငံရေးနယ်ပယ်ထဲ ဝင်ဖို့အတွက် တစ်ခါတည်း သုံးပြီး ပစ်ပယ်လိုက်တာလား။
ရုပ်ရည်ညှိုးနွမ်းလာပြီး ပန်းချီစွမ်းရည် အရင်ကထက် ညံ့လာတဲ့အထိ ဆယ်ဂဏန်းများစွာလောက် ထပ်ပြီး လှိမ့်ပြီးမှ ပစ်ပယ်လို့ရနေတဲ့ ကိစ္စပဲ။ ဒါပေမယ့် ဘာလို့ ဒီလိုလုပ်ခဲ့တာလဲ။ ဆုံးသွားတဲ့ အမေ့ကိုတောင် image မြှင့်တင်ဖို့ အသုံးချခဲ့တဲ့ ဥက္ကဋ္ဌကြီးက...
"ဟယ်အာ"
ရုတ်တရက် ရင်းနှီးတဲ့ အသံတစ်ခုက ဟယ်အာ့ကို နှိုးလိုက်သည်။
"အား!"
ဟယ်အာ လန့်ပြီး အော်လိုက်သည်။ ပခုံးကို ကိုင်ထားတဲ့ ထယ်ရင်းရဲ့မျက်နှာကို ဦးစွာ မြင်လိုက်ရပြီး ဘာလုပ်ရမလဲမသိ ဖြစ်နေတာကို အားစိုက်ဖုံးကွယ်ထားတဲ့ မန်နေဂျာပတ် ပြီးတော့ ရယ်မောနေတဲ့ ဧည့်သည်တွေကို မြင်လိုက်ရသည်။
YOU ARE READING
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
RomanceTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
