အပိုင်း (၃၁)

4.9K 430 27
                                        

[Unicode]

သူငယ်ချင်းဆိုတဲ့ကောင် ၃ယောက်မရှိတော့ဘဲ အစ်မဟယ်ရင်းနဲ့ ဟယ်အာပဲ ကျန်ခဲ့တဲ့ group chat ကြီးက group chat လိူ့တောင် မခေါ်ထိုက်တော့ပါ။ အစ်မဟယ်ရင်း ဟိုဟိုဒီဒီစကားတွေကို ဝေ့လည်ကြောင်ပတ်နဲ့ ပြောနေသည်။ အစကတော့ အုပ်စုလိုက် ပြခန်းဖွင့်မှာမို့ လာကြည့်ပေးပါဦးဆိုပြီး ပြပွဲ ပိုစတာ လာပြသည်။ နောက်ကျတော့ အစ်ကိုဟျောင်းရှစ်နဲ့ ဂျွန်းအူတို့က စိတ်ဆိုးနေ​ပါတယ်ဆိုပြီး ပြောပြသည်။

[ကလေးတွေက အင်တာနက်ပေါ် စာတင်ပစ်မယ်ဆိုပြီး ပြောနေလို့ မနည်း တားထားရတယ်.. ဖွင့်ပွဲနေ့ မင်း ခဏလောက် လာပေးလို့မရဘူးလား။ ဘာတွေဖြစ်ခဲ့ကြမှန်းတော့ ငါ သေချာမသိပေမယ့်.. စီနီယာ ဟျောင်းရှစ်က ဆေးရုံမှာ ၄ချက်တောင် ချုပ်လိုက်ရတယ်တဲ့..]

အဲ့လောက်တောင် ပြဿနာတွေတက်ထားပြီးပြီပဲကို .. သုံးယောက်သား ဟယ်အာ့အကြောင်းပြောပြီး ဝိုင်းဖြဲကြတော့မှာ အသိသာကြီးပါ။ အစ်မဟယ်ရင်းလည်း ဟိုဟိုဒီဒီ သတင်းတွေကြားပြီး အကြမ်းဖျင်းတော့ သိထားလောက်မှာကို.. "ဘာကိစ္စမှန်း သေချာမသိပါဘူး"ဆိုပြီး ခြေတစ်လှမ်း နောက်ဆုတ်ပေးတာက ဟယ်အာ့ကို စဉ်းစားပေးလို့များလား။

'ဒါနဲ့.. ၄ချက်ပဲ ချုပ်လိုက်ရတာဆိုတော့ အဲ့အစ်ကို နဖူးက နွားသားရေနဲ့များ လုပ်ထားသလား..'

ဘာပဲဖြစ်ဖြစ် မသေသွားတာပဲ ကံကောင်းတယ်လို့ ပြောရမှာပါပဲ။ တွေးကြည့်ပြန်တော့လည်း အစ်မဟယ်ရင်းပြောတာလည်း မှန်သယောင်ယောင်။ စိတ်မကောင်းကြောင်းလဲ ပြောရင်း ကုခလဲ ပေးရင်း၊ ပြခန်းဖွင့်ပွဲကိုတော့ မျက်နှာလေး သွားပြရမည်။ 'အင်းပါ.. တစ်ခေါက်လောက် ဝင်ခဲ့မယ်လေ' လို့ စာပြန်မလို့ လုပ်နေရင်းမှ ရပ်လိုက်သည်။

'မဟုတ်သေးပါဘူး..'

ငါက အခု ၂၆နှစ် ဂန်ဟယ်အာလည်း မဟုတ်ဘူး.. ကံဆိုးတာ မှန်သမျှ အကုန် ကြုံပြီးနေတဲ့ ဂန်ဟယ်အာပဲလေ။

'ငါက ဘာလို့ ဖွင့်ပွဲကို သွားရမှာလဲ။ ဘာလို့ တောင်းပန်ရမှာလဲ.. ငါတို့ ထယ်ရင်းရှီက မဟုတ်တာ လုပ်ခဲ့တာလဲ မဟုတ်ဘူး..'

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Место, где живут истории. Откройте их для себя