အပိုင်း (၆၇)

1.4K 175 6
                                        


"အိပ်... အိပ်ချင်မူးတူးနဲ့မို့... ထယ်ရင်းရှီက ဘေးနား... ဘေးနားမှာရှိနေတော့... ရနံ့... ရနံ့က ခဏခဏ... အဲ့ဒါနဲ့ ကျွန်တော်... ကျွန်တော်က အရင်.. စမိတာ..."

ဒီလိုပြောလိုက်တော့ ထယ်ရင်းရဲ့မျက်နှာက ဒီထက်ပို နီလို့မရလောက်တော့အောင်ကို နီရဲလာသည်။ လူတစ်ယောက်ရဲ့ မျက်နှာသွေးရောင်က ဒီလောက်အထိ လောင်ကျွမ်းနိုင်တယ်ဆိုတာ ဟယ်အာ ပထမဆုံးအကြိမ် သိလိုက်ရသည်။ နီရဲနေတဲ့ပါးပြင်နဲ့ သူက ဟယ်အာ့ကို ကြည့်သည်။

"ဟယ်အာ... မင်းက..."

ပြီးနောက် ဆက်ပြောသည်။

"တမင်တကာ ကိုယ့်ဟာကို..."

"အာ့!"

ဟယ်အာ ကမန်းကတန်းနဲ့ သူ့ကို တွန်းထုတ်လိုက်သည်။ မထင်မှတ်ဘဲ အော်လိုက်တဲ့ အသံက ကျယ်လွန်းလို့ နားထဲမှာတောင် ပဲ့တင်ထပ်သွားသည်။ လက်ဖမိုးနဲ့ နှုတ်ခမ်းကို သုတ်ရင်း နောက်ဆုတ်ပြီး သူ့ကို ရှောင်လိုက်သည်။

ဝုတ်! ဝုတ်! ... အောက်ထပ်ကနေ ခွေးဟောင်သံ ကြားလိုက်ရသည်။ သူစိမ်းရောက်လာလို့ ဒိုဂျင်း ဟောင်နေတဲ့အသံပဲ။

"အို့.. အို့ခဲရှီ ရောက်လာတာထင်တယ်...!"

ကုတင်ပေါ်ကနေ ကပျာကယာနဲ့ ထွက်ပြေးဖို့ ကြိုးစားတုန်း လက်ကို ရုတ်တရက် ဆွဲခံလိုက်ရသည်။ ဆွဲထားတဲ့အားကြောင့် ဟယ်အာ မွေ့ရာပေါ်ကို တဖန် လဲကျသွားသည်။

"ဟစ်" လို့ တိုးတိုးလေး ညည်းတွားရင်း လဲကျသွားတဲ့ ဟယ်အာ့ပခုံးကို ထယ်ရင်းက လက်နှစ်ဖက်နဲ့ ဖိချလိုက်သည်။

"မှား... မှားသွားပါတယ်..."

နောက် ထပ်မလုပ်တော့ပါဘူး... လို့ တောင်းပန်ဖို့ ပါးစပ်ဟလိုက်တုန်း ထယ်ရင်းရဲ့  နှုတ်ခမ်းတွေက ဆက်ပြောလို့မရအောင် ပိတ်လိုက်သည်။ အိပ်ပျော်နေတဲ့ သူ့ကို မြည်းစမ်းပြီး ရှိသမျှ အကုန် မျိုချခဲ့တဲ့ ဟယ်အာ့ရဲ့ ညစ်ပေနေတဲ့ နှုတ်ခမ်းတွေပေါ် ကို ပူနွေးတဲ့ အနမ်းတစ်ပွင့် ကျရောက်လာသည်။ လန့်ပြီး ဟမိထားတဲ့ ခံတွင်းထဲ တိုးဝင်လာတဲ့ လျှာရဲ့ အပူချိန်က လောင်မြိုက်နေသည်။

မီးလောင်ကျွမ်းနေသလို ပူကျစ်နေတဲ့ အနမ်းကြောင့် ဘောင်းဘီထဲက အရာက မတတ်သာဘဲ ကျပ်လာသည်။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now