လက်မြှောက်ပြီး ဟယ်အာ့ကို လှမ်းဖက်ဖို့ လုပ်လိုက်ပေမယ့် ရင်ခွင်ထဲဝင်လာတာက ဒိုဂျင်းဖြစ်သည်။ အမြီးလေး ခါရင်း ပျော်နေတဲ့ အကောင်လေးရဲ့ ခြေထောက်တွေအောက်မှာ ထယ်ရင်းရဲ့ ရင်အုပ်ကျယ် နင်းခြေခံလိုက်ရသည်။
"အိုဂူး.. တို့ ဒိုဂျင်းလေးက ကိုကိုထယ်ရင်းကို ချစ်တာတဲ့!"
ကိုကို.... ထယ်ရင်း...။ ဘာလို့ ဒီလိုအချိန်ကျမှ အဲ့လို ခေါ်ရတာလဲ... ပုံမှန်ချိန်တွေမှာလည်း နည်းနည်း ခေါ်ပေးတာမဟုတ်ဘူး။
"သခင်နဲ့ တူတူအိပ်ရင် ခွေးလေးတွေ mental အတွက် ကောင်းတယ်တဲ့"
ကိုယ့် mental ရော.. ကိုယ့် mental လည်း မင်းနဲ့တူတူအိပ်ရမှ ကောင်းတာ။
ဟယ်အာက စိတ်ထဲကနေ မကျေနပ်တာတွေကို မြိုသိပ်နေတဲ့ ထယ်ရင်းဘက်ကို မျက်နှာချင်းဆိုင် လှည့်အိပ်လာသည်။ လှမ်းကြည့်နေတဲ့ မျက်လုံးတွေက ကြယ်လေးတွေလို တလက်လက် တောက်ပနေသည်။ တစ်ကုတင်တည်း အတူတူ လှဲအိပ်ရုံနဲ့ ဒီလောက်တောင် ကောင်းရလား...။
"ဒီလိုဆိုတော့ ကျွန်တော်တို့... တကယ့်မိသားစုလိုပဲ။ နော်..."
"တကယ့်မိသားစုပဲလေ"
အဲ့အခါကျ ဟယ်အာက တဟဲဟဲရယ်သည်။ ချစ်ဖို့ကောင်းတာနဲ့ ဆွဲဆောင်မှုရှိတာ နှစ်ခုတည်းက တစ်ခုလောက်ပဲ လုပ်ရင် ထယ်ရင်း ဒီလောက်ထိ ဒုက္ခတွင်းထဲ မကျလောက်ပေ။
'ရူးတော့မယ်...'
အခု ထယ်ရင်း တစ်ယောက်တည်းပဲ ဆန္ဒမပြေတာလား မသိပါ။ အဲ့ဒီ့ခန္ဓာကိုယ်ကို လေ့လာချင်တာ၊ အဲ့ဒီ့နှုတ်ခမ်းတွေ ထယ်ရင်း လိုချင်တဲ့ အဖြေကို ပေးဖို့ တောင့်တနေတာလည်း သူ တစ်ယောက်တည်းထင်သည်။
ကုတင်တစ်ဖက်မှာ အိပ်နေတဲ့သူက မိသားစုဝင် ဖြစ်လို့ ပျော်သည်။ တီးတိုးပြောပြတဲ့ သူ့ ပန်းချီအကြောင်းတွေနဲ့ ကျောင်းသားဘဝတုန်းက သူငယ်ချင်းတွေရဲ့ အကြောင်းအရာတွေကလည်း နားထောင်လို့ ကောင်းသည်။ ဒါပေမယ့် တကယ်တမ်း မျှော်လင့်ထားတဲ့ စကားကိုတော့ မနက်မိုးလင်းတဲ့အထိ မကြားနိုင်ခဲ့ပါ။
ဟယ်အာ့ရဲ့ စိတ်ရင်း ဘာလဲဆိုတာကို သိချင်သည်။ ခုချိန်မှာ သိချင်တဲ့အရာက အဲ့ဒါတစ်ခုတည်းပင်။ သူ ထယ်ရင်းကို မချစ်ဘူးလို့ ပြောလာရင်တောင် ဘာမှမသိရတာထက်စာရင်တော့ သာသေးသည်။ ဒါပေမယ့် ဂန်ဟယ်အာက ရင်ခွင်ထဲမှာ မှီတွယ်ပြီး နှုတ်ခမ်းတွေ ပွတ်သပ်ပြီး ချိုမြိန်တဲ့ ရနံ့နဲ့ လွှမ်းခြုံထားပြီးတာတောင် လက်ခုပ်ထဲက သဲလိုပဲ ခဏအကြာတွင် လျှောထွက်သွားသည်။
YOU ARE READING
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
RomanceTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
