မယုံနိုင်လို့ ရယ်ပဲရယ်နိုင်တဲ့ ဟယ်အာ့ ပါးပေါ်ကို ထယ်ရင်းရဲ့ လက် ရောက်လာသည်။ ဟယ်အာ ဖန်တီးထားတဲ့ ပုံရိပ်ယောင်လေးက အချိန်ကိုက်ရောက်လာရုံတင်မကလို့ ကြင်နာနေပါသေးသည်။ အရူးတစ်ယောက်လိုမျိုး ရယ်ရင်းနဲ့ သူ့ လက်ဖဝါးပြင်ပေါ်မှာ ပါးတင်ပြီး ပွတ်လိုက်သည်။ အပြေးပြိုင်လာတဲ့ လူတစ်ယောက်လိုမျိုး ပူနွေးနေပြီး လက်ဝှေ့ထိုးသမားလို အသားမာတွေတက်နေလို့ မာကျောနေသည်။
ဒီ ခံစားမှုက ဟယ်အာ့ကို လက်တွေ့ဆီ ပြန်ဆွဲခေါ်သွားခဲ့သည်။ ဝမ်းနည်းမှု ဝိုးတဝါးနဲ့ ပြတ်သားတဲ့ ပုံရိပ်ယောင်က တစ်နေရာတည်းမှာ ရောထွေးသွားသည်။
"ဟင်... ထယ်ရင်းရှီ?"
ပြာပြာသလဲနဲ့ ဟယ်အာ သူ့လက်ကို ဖမ်းဆွဲလိုက်သည်။ လက်ချောင်းတွေရဲ့ အဆုံးက တောင်ကုန်းလို ထွက်နေတဲ့ အရိုးအဆစ်တွေဆီကနေ မာကျောတဲ့ လက်ကောက်ဝတ်ဆီကို , ပြီးနောက် လက်မောင်းဆီကို၊ ပခုံးဆီကို လိုက်စမ်းကြည့်လိုက်သည်။ ထယ်ရင်း ဒီနေရာမှာ ဟယ်အာ့ဘေးမှာ ရှိနေတဲ့ဆိုတဲ့ အချက်က အတုအယောင်လို့ ထင်ရပေမယ့် သူပေးတဲ့ ခံစားချက်တွေကတော့ အရမ်းကို လက်တွေ့ဆန်သည်။
'ဒါ တကယ်လား? ထယ်ရင်းရှီ တကယ် အိမ်ပြန်ရောက်လာတာလား။ အလုပ်ခရီး ပြီးဖို့က အများကြီး လိုသေးတာကို...'
စိတ်ထဲမှာ ရှုပ်ထွေးပြီးရင်း ရှုပ်ထွေးနေခဲ့ပြီး,
"ကျွန်တော့်ကို တစ်ယောက်တည်း မထားခဲ့ပါနဲ့"
ပြီးတော့ အတွေးတွေကို မစုစည်းနိုင်ခင်မှာတောင် ဟယ်အာ့ ပါးစပ်က အလိုလို လှုပ်ရှားသွားသည်။
"ကျေးဇူးပြုပြီး.. နော် .. တောင်းဆိုပါတယ်။ ကျွန်တော် တစ်ယောက်တည်း မနေနိုင်တော့ဘူး။ တစ်သက်လုံး တစ်ယောက်တည်း နေလာခဲ့တာပဲ.. ဆက်တိုက် အဆင်ပြေနေခဲ့တာပဲကို။ ဒါပေမဲ့ အဲ့လိုမဟုတ်ဘူးထင်တယ်.. ဆက်တိုက် တောင့်ခံနေခဲ့တာထင်တယ်။ အခု မခံနိုင်တော့ဘူး။ တစ်မိနစ်လေးတောင် မခံနိုင်တော့ဘူး..."
ဟယ်အာ တစ်ပတ်လုံး ပြောခဲ့တဲ့ စကားလုံးတွေထက်တောင် ပိုများပြီး ပိုမြန်တဲ့ စကားလုံးတွေက နှုတ်ခမ်းကြားကနေ ထွက်ကျလာခဲ့သည်။ ဆုတောင်းသလိုမျိုး တီးတိုးရွတ်ဆိုနေတဲ့ ဟယ်အာ့ အသံက နားထဲမှာ ပဲ့တင်ထပ်နေခဲ့သည်။
YOU ARE READING
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
RomanceTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
