အပိုင်း (၇၉)

1K 178 21
                                        

ထယ်ရင်းရဲ့ အကြည့်တွေက ဟယ်အာ့ကို ကြောက်လန့်စေသည်။ သူ အခု ဟယ်အာ့ကို ဘယ်လိုများ ထင်နေမလဲ... မမှန်းဆဘဲ မနေနိုင်ခဲ့။ ဟယ်အာ့ကို လက်ထပ်ခဲ့တာ နောင်တများရနေမလား။ အလိမ်ခံရတယ်လို့... ဘာမဟုတ်တဲ့ ကောင်လေးတစ်ယောက်အတွက် အချိန်ကုန်ခံခဲ့မိတယ်လို့။ ဟယ်အာနဲ့ အတူရှိခဲ့တဲ့အချိန်တွေကို နှမြောပြီး ချက်ချင်း စွန့်ပစ်သွားမလား။

ကြောက်လန့်ပြီး အသက်ရှူရကျပ်လာသည်။

"ဆေးရုံကို မောင်း"

ထယ်ရင်းက ဒရိုင်ဘာအိုကို လှမ်းပြောသည်။

"ဟင့်အင်း အိမ်ပြန်မယ်"

ဟယ်အာ ချက်ချင်း အော်ပြောလိုက်သည်။

"ကျွန်တော်... သိပ်မနာဘူး။ ဆရာဝန်ခေါ်ရင်လည်း အိမ်ကိုပဲ ခေါ်မှာ.. ဆေးရုံမသွားဘူး။ ရောဂါမှတ်တမ်းတွေ ချန်ပြီး ကောင်းတာ ဘာတစ်ခုမှမရှိဘူး။ မသွားချင်ဘူး။"

"ဆေးရုံသွား.. အခုချက်ချင်း!"

ထယ်ရင်းနဲ့ ဟယ်အာ့ အသံတွေ ဆက်တိုက် ကျယ်လာသည်။ မီးပွိုင့်မိပြီး ကားရပ်ထားတဲ့ ဒရိုင်ဘာအိုက ခက်ခဲစွာ သက်ပြင်းချလိုက်သည်။ ဟယ်အာ လက်ဆန့်ပြီး ယာဉ်မောင်းထိုင်ခုံကို နှစ်ချက်သုံးချက်လောက် ပုတ်လိုက်သည်။

"အိမ်ပြန်ရအောင် ဒရိုင်ဘာအို။ အခု ဆေးရုံသွားရင် ဥက္ကဋ္ဌကြီး စိတ်ဆိုးလိမ့်မယ်... အိမ်ပြန်မယ်"

ထယ်ရင်းရဲ့ ဒေါသတကြီးအသံထက်..

"ကျေးဇူးပြုပြီး အိမ်.. ကို မောင်းပေးပါ..."

ဟယ်အာ့ရဲ့ တောင်းပန်သံက ပိုပြီး အရာရောက်သွားငည်။

နေရာမှာ မရှိပေမယ့် ဥက္ကဋ္ဌကြီးက ဥက္ကဋ္ဌကြီးပါပဲ။ သူ့နာမည်ကို အကြောင်းပြရုံနဲ့ တော်တော်များများ ရန်ပွဲတွေကို အနိုင်ရနိုင်သည်။ ဒီနေ့လည်း သူ့ကျေးဇူးနဲ့ ဆေးရုံကို ရှောင်ရှားပြီး အိမ်ပြန်ရောက်ခဲ့သည်။

ကျယ်ဝန်းတဲ့ ဥယျာဉ်နဲ့ မီးထွန်းထားတဲ့ ကြင်နာဖွယ် ကြင်စဦးအိမ်ကို ရောက်တာနဲ့ ထယ်ရင်းက ကားနောက်ခန်းတံခါးကို ဆောင့်ဖွင့်လိုက်သည်။ ဒေါသနဲ့ ပြုမူလှုပ်ရှားနေပေမယ့် အပြစ်တင်တဲ့ စကားတစ်ခွန်းမှမပါဘဲ သူ ကားပေါ်က ဆင်းသွားသည်။ အိမ်ထဲကို ဝရုန်းသုန်းကား ပြေးဝင်သွားတဲ့ သူ့ နောက်ကျောကို ငေးငိုင်စွာ ကြည့်နေမိသည်။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Donde viven las historias. Descúbrelo ahora