နယူးယောက်ခရီးစဉ်က အလွန်ကို ဆိုးရွားခဲ့သည်။ အဓိက တရားခံကို ပြောရမယ်ဆိုရင် ဂန်ဟယ်အာဖြစ်သည်။ အတူရှိမနေတဲ့လူက ထယ်ရင်းရဲ့ ခရီးစဉ်ကို ဘယ်လိုများ ဖျက်ဆီးနိုင်မှာလဲလို့ မေးကောင်းမေးနိုင်ပေမယ့် အတူရှိမနေတာကြောင့်ပဲ ဖျက်ဆီးခဲ့တာဖြစ်နေသည်။
ခြုံပြောရရင်တော့ အလုပ်ကိစ္စကို အရမ်းကို အဆင်ပြေခဲ့သည်။ အကြိမ်ကြိမ် လုပ်ဖူးပြီးတဲ့ ကိစ္စလိုမျိုး ပြဿနာတွေ အကုန်လုံး အဆင်ပြေပြေ ဖြေရှင်းနိုင်ခဲ့သည်။
ဂျေးများပြီး လက်ပေါက်ကတ်တဲ့ collab လုပ်ရမယ့် နိုက်ငံခြား ကုမ္ပဏီရဲ့ သဘောထားရော, စာချုပ်ချုပ်ပြီးနောက်ပိုင်း အငြင်းပွားစရာဖြစ်ခဲ့တဲ့ အချက်အလက်တွေကအစ စကားအနည်းငယ်လောက်နဲ့ နှစ်နာရီကြာ ဆွေးနွေးအပြီးမှာ နှစ်ဖက်စလုံး ရှောရှောရှူရှူ ဖြေရှင်းပြီးသွားသည်။ ဒါကြောင့် AOM ကတော့ နောက် ၁၀ နှစ်အတွင်း လုံးဝ ကျဆုံးမှာ မဟုတ်ဘူးလို့ အာမခံလို့ရသည်။
လျှို့ဝှက်ချက် ထိန်းသိမ်းရန် စာချုပ်မှာ သုတေသီအားလုံးရဲ့ လက်မှတ်ကို ရယူပြီးတဲ့နောက် ထယ်ရင်းတို့ ပိုင်ဆိုင်ထားတဲ့ နည်းပညာရဲ့ အခြေခံကို ဖော်ထုတ်ပြဖို့ အလှည့်ကျလာသည်။ ဟန်ဆောင်းဂရုနဲ့ ပူးပေါင်းတဲ့ ကုန်ပစ္စည်း ဆွေးနွေးပွဲမှာတောင် ပြသခြင်း မရှိသေးတဲ့ AOM ပဲပိုင်တဲ့ အရာသီးသန့် ကျန်သေးသည်။
ဂင်မင်ဆူကို developer အဖွဲ့ခေါင်းဆောင်နေရာမှာ ထားခဲ့ရတဲ့ အကြောင်းရင်းက AI နည်းပညာကြောင့်ဖြစ်သည်။
လူတွေက AI လို့ ပြောလိုက်တာနဲ့ ရုပ်ရှင်ထဲက စွန့်ပစ်ခံရတဲ့ ကလေးစက်ရုပ် ဒါမှမဟုတ် လူသားတွေကို မုန်းတီးတဲ့ လူသားဆန်တဲ့ စက်ရုပ်တွေကို ပြန်တွေးမိကြလိမ့်မည်။ ဒါပေမယ့် လက်တွေ့ကမ္ဘာမှာတော့ လူဖန်တီးတဲ့ ဉာဏ်ရည်ဆိုတာ အဲ့လောက်ထိ နက်နဲတဲ့ အဆင့်အထိ မရောက်သေး။
AOM ရဲ့ AI က လူသားတွေရဲ့ စဉ်းစားတွေးခေါ်မှု ယန္တရားကို အပေါ်ယံပဲ အတုယူထားတဲ့ အဆင့်ပဲ ရှိသေးသည်။ AOM က အဲ့ဒါတွေနဲ့ လှုပ်ရှားနေတဲ့ ဂဏန်းတွက်စက်လို့ ပြောလို့ရသည်။ အရှည်ဆုံး ၁၀ နှစ်၊ အတိုဆုံး ၃ နှစ်ကြာ ဘယ်လို အပြန်အလှန် တုံ့ပြန်ကြပြီး အဲ့အချိန်တွင်းမှာ imprint နဲ့ knotting လုပ်နိုင်ခြေ ဘယ်ရာခိုင်နှုန်းရှိလဲဆိုတာ တွက်ထုတ်ပေးတဲ့ ကိုရီးယားမှာ ဈေးအကြီးဆုံး ဂဏန်းတွက်စက်ဖြစ်သည်။
ВЫ ЧИТАЕТЕ
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
Любовные романыTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
