[Unicode]
ထယ်ရင်းရဲ့စကားကို နားမလည်နိုင်စွာနဲ့ပင် သူ အူကြောင်ကြောင်နဲ့ ကြည့်နေမိသည်။ တကယ်ပဲ ဟယ်အာ ပြောလိုက်တဲ့အထဲက ဘယ်အပိုင်းကြောင့် ထယ်ရင်းက ဒီလိုစကားပြောရတာပါလိမ့်..
".... ထယ်ရင်းရှီ အဖေအကြောင်းကိုလဲ သတင်းတွေကနေတဆင့် ကြားထားပြီးပါပြီ။ ဒီခေတ်ကြီးထဲ နိုင်ငံရေးဘက်မပါတဲ့ စုံစမ်းစစ်ဆေးရေးမှူးဆိုတာ မရှိသလောက်ကို ရှားနေပြီ..။ ဒီလို ပုဂ္ဂိုလ်မျိုးကို အမေကလည်း စစ်ဆေးရေးမှူးချုပ်နေရာအထိ တင်ပေးထားရတာဆိုတော့ တော်ရုံတန်ရုံ သားမက်လောက်နဲ့ စိတ်တိုင်းဘယ်ကျလောက်မလဲ.. ။ စိတ်ထဲ သဘောမကျတောင် မြင်ရရှုရ အဆင်ပြေဖို့လိုတာပေါ့ ..မဟုတ်ဘူးလား?"
"... အမေ..... တစ်ခဏလေးအတွင်း ကိုယ့်အမေက ဟယ်အာရှီ့ အမေဖြစ်သွားပြီပေါ့"
"အာ.. တရင်းတနှီးနဲ့ ပြောတာ ပိုကောင်းမယ်ထင်လို့...။ အဆင်မပြေဘူးဆိုရင် ရှေ့လျှောက် ယောက္ခမကြီးလို့ပဲ ခေါ်ပါ့မယ်"
" အဆင်မပြေတာမရှိပါဘူး.. မင်း စိတ်တိုင်းကျလုပ်ပါ"
ဘယ်ကနေ ဘယ်လို ထယ်ရင်း စိတ်ဆိုးသွားလဲဆိုတာ တွေးနေရင်းမှ ဟယ်အာ ပါးတစ်ချက် အရိုက်ခံလိုက်ရသလို တောင့်တင်းသွားသည်။ အစကတည်းက 'ယောက္ခထီး' 'ယောက္ခမကြီး'ဆိုတဲ့ အခေါ်အဝေါ်ကိုလဲ သူ့ဘာသူ စိတ်တိုင်းကျ ခေါ်လိုက်ခြင်းဖြစ်သည်။
'အာ....'
လက်ထပ်ထားတဲ့ဆက်ဆံရေးမို့ အချင်းချင်း တလေးတစားရှိတဲ့အနေနဲ့ နှစ်ဖက်မိဘတွေကို ဘယ်လိုခေါ်ကြမလဲ အတူတူတိုင်ပင်ခဲ့ကြဖူးသည်။ အခု ကြုံနေရတဲ့ ထယ်ရင်းနဲ့တော့မဟုတ်.. အတိတ်က ထယ်ရင်းနဲ့ အတူတူ။
'မဟုတ်မှလွဲရော.. အဲ့ဒါကြောင့် စိတ်ဆိုးသွားတာများလား... ငါ့ဘာငါ စိတ်ကြိုက် ခေါ်လိုက်လို့လေ..?'
နှစ်ယောက်သား ဆက်စကားမပြောဖြစ်ကြတော့ဘဲ ကားထဲတွင် အေးစိမ့်စိမ့် ဆိတ်ငြိမ်မှုက လွှမ်းသွားသည်။ ဒရိုင်ဘာက တွန့်ဆုတ်တွန့်ဆုတ်နဲ့ နောက်ကြည့်မှန်ကနေ မသိမသာလေး လှမ်းကြည့်သည်။ သီချင်းဖွင့်ဖို့ ခလုတ်နား လက်ရောက်ပြီးသွားခါမှ စတီယာတိုင်ကို ပြန်ကိုင်လိုက်တဲ့ လက်က ဘာလုပ်ရမှန်းမသိ ဖြစ်နေရှာသည်။
YOU ARE READING
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
RomanceTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
