အပိုင်း (၁၂)

5.7K 893 22
                                        

[Unicode]

"ဟယ်အာရှီ..."

သူ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ အိပ်နေရာကနေ နိုးလာတဲ့လူလိုမျိုး ဘာတွေဖြစ်ခဲ့လဲ မမှတ်မိပေ။ သူ့ ဒူးခေါင်းပေါ် ကို လက်တစ်ဖက်တင်ထားလျက်နဲ့ ထယ်ရင်းကို တွေ့လိုက်ရသည်။ မှန်သားပြင်ကျယ်ကြီးပေါ်မှာ မြင်နေရတဲ့ ဟယ်အာ့ပုံစံသည် ပင်ပန်းနေပုံပေါ်သည်။ မီးခိုးရောင် ဆိုဖာတွင် ကျောမှီထားလျက် ထိုင်နေသည့်ပုံစံပင်။

".....ဪ?..."

ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်မိတော့ သူရောက်နေတာက နားနေခန်းအတွင်း။ အဖြူရောင်တွေနဲ​့ ဆင်ထားတဲ့ နားနေခန်းတော့မဟုတ်.. ညစာစားပွဲအတွက် အနောက်တိုင်းဝတ်စုံ နှစ်ထည် ချိတ်ထားတဲ့ ထယ်ရင်းရဲ့နားနေခန်းအတွင်းထဲ ရောက်နေတာဖြစ်နေသည်။

မင်္ဂလာပွ​​ဲ ဘယ်လိုပုံစံနဲ့ ပြီးသွားသလဲဆိုတာ သူ မမှတ်မိတော့ပေ။ ညစာစားပွဲအတွက် ပြင်ဆင်ပြီး သွားရန်ပြင်နေပုံပင်။ ဒါက ဒီနေ့ရဲ့ မှတ်ဉာဏ်တွေလား..မဟုတ်ရင် လွန်ခဲ့တဲ့၆နှစ်က မှတ်ဉာဏ်လားဆိုတာ မခွဲခြားတတ်အောင်ကို စိတ်က ဟိုရောက်ဒီရောက်ဖြစ်နေသည်။ ခံစားချက်တွေက ကြိုးထုံးတစ်ခုလို ရှုပ်ထွေးနေပေမယ့် ခေါင်းထဲမှာတော့ စာရွက်ဖြူအလွတ်တစ်ခုလို ရှင်းလင်းနေသည်။ ဘာ အချက်အလက်တစ်ခုမှ မရှိတော့သည့် ခံစားချင်နဲ့ ဆင်သည်။

လန့်သွားတဲ့ပုံစံနဲ့ ဟိုကြည့်ဒီကြည့် လိုက်ကြည့်နေတဲ့ သူ့ ဒူးခေါင်းကို ထယ်ရင်းက ပို တင်းတင်းဆုပ်ကိုင်လိုက်သည်။ ဆုပ်ကိုင်လိုက်တဲ့ ဖိအားကြောင့်ထက် လက်က အနွေးဓာတ်ကြောင့် ဟယ်အာ အသိစိတ် ပြန်ထိန်းနိုင်လိုက်သည်။

"မင်္ဂလာပွဲက အဆင်ပြေပြေ ပြီးသွားတယ်.. ဟယ်အာရှီ စိတ်အခြေအနေ မကောင်းတဲ့ပုံပေါ်လို့.. ညစာစားပွဲ မသွားတော့ဖို့ လုပ်လိုက်ပါတယ်.."

သူ့ စိတ်ကို လက်တန်းဖတ်လိုက်သလိုပင် ထယ်ရင်းက ရှင်းပြသည်။

"ဗျာ? ဘယ်သူ့သဘောနဲ့..."

"စောစောလေးကပဲ ယောက္ခမကြီး လာသွားတယ်လေ.. ဟယ်အာရှီ့ အစ်ကိုကြီးကလဲ အရမ်းစိတ်ပူနေလို့ ဟယ်အာရှီကပဲ အဆင်ပြေတယ်လို့ ပြောလိုက်တယ်လေ.... မမှတ်မိဘူးလား?"

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now