အပိုင်း (၇၈)

1K 165 7
                                        

နောက်ကျမှ အခန်းငယ်လေးထဲကို လူတစ်ယောက် ရောက်လာခဲ့သည်။ဥက္ကဋ္ဌကြီး ဂန်ဂျွန်းအီရဲ့ အတွင်းရေးမှူး ဟွမ်ဂျုံးထယ် ဖြစ်သည်။ အတွင်းရေးမှူး ဟွမ်သည် အခန်းတွင်း အခြေအနေကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် ဦးစွာပထမ အစ်ကိုကြီးရဲ့ အခြေအနေကို စစ်ဆေးခဲ့သည်။

တစ်ချက်နောက်ကျမှ သတိဝင်လာပုံရသည့် အစ်ကိုကြီးသည် ထစ်ထစ်အအ ပြောဆိုရင်း နေရာမှ ထရပ်ဖို့ကြိုးစားရာမှ ယိုင်တိုင်တိုင်ဖြစ်သွားပြီး ကြမ်းပြင်ပေါ် လဲကျသွားသည်။ နှာတံပေါ်မှ အရေပြားသည် ပြဲသွားပြီး နှုတ်ခမ်း၊ မေးစေ့နှင့် လည်ပင်းအောက်ပိုင်းအထိ စီးကျလာသော သွေးများက ရှပ်အင်္ကျီကို နီရဲနေစေသည်။

"ဒီ.. စောက်ရူးကောင်ကတော့..."

အစ်ကိုကြီးက တီးတိုးရေရွတ်လိုက်ပြီး..

"အသံလျှော့ပါ"

အတွင်းရေးမှူး ဟွမ်က လှမ်းထိန်းလိုက်သည်။

"ဒီလိုပုံစံကို ဥက္ကဋ္ဌကြီးကို ပြမှာလား"

"ဂန်ဟယ်အာ.. မင်း ဒီကောင်..."

ထိုအခါ ရုတ်တရက် ထယ်ရင်းရဲ့ ခန္ဓာကိုယ် လှုပ်ရှားသွားသည်။ ထို လှုပ်ရှားမှုကြောင့် ဟယ်အာ့ ဒူးတွေ မြေပြင်မှ မြောက်တက်လုနီးပါးပင်။ ထယ်ရင်းရဲ့ ခါးကို ဖက်တွယ်ကာ သူ့ကို နေရာမှာပင် ဆွဲထားလိုက်သည်။ လူတစ်ယောက်ကို တားနေတာမဟုတ်ဘဲ ဒေါသထွက်နေသော သားရဲတစ်ကောင်ကို ကြိုးတုပ်ပြီး တားနေရသကဲ့သို့ ခံစားရသည်။ ဒေါသထွက်နေသော ထယ်ရင်းရဲ့ ရင်ဘတ်က ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။

"ထယ်ရင်းရှီ.. ထယ်ရင်းရှီ.."

အဟွတ် .. အဟွတ် .. ။ ဗိုက်က နာကျင်လွန်းလှသည်။ အရေပြားများ ပြဲထွက်သွားပြီလားဟုပင် စိုးရိမ်မိသည်။

"ကျွန်တော့်ကို.. ကျွန်တော့်ကို ကြည့်ပါဦး... ကျွန်တော့်ကိုကြည့်"

ချောင်းထယ်ရင်းက ပြန်လှည့်ကြည့်သည်။ မျက်လုံးနှစ်လုံးစလုံး နီရဲပြီး နှာတံ၊ မေးစေ့နှင့် နဖူးအထိ တင်းမာနေသည်။ ထယ်ရင်းရဲ့ ဘယ်ဘက်ပါးသည် နီရဲနေသည်။ အစ်ကိုကြီးရဲ့ နှာခေါင်းကို ရိုက်ချစဉ် သူလည်း အီဟယ်ဆီက အထိုးခံလိုက်ရပုံရသည်။ ဟယ်အာ့ နှလုံးသားလည်း နာကျင်သွားသည်။ လက်စွပ်နှင့် ပွတ်မိသွားသလား သေးငယ်သော ခြစ်ရာတစ်ခုကို မြင်ရသည်။ အဲ့ ဒဏ်ရာကိုပင် လုယူကာ ပိုင်ဆိုင်ချင်မိသည်။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Место, где живут истории. Откройте их для себя