အပိုင်း (၈၂)

1.2K 190 10
                                        

အတွေးတွေ ထိုအထိရောက်တော့ စိတ်ထဲက ကျပ်တည်းမှုတွေ ပြေပျောက်သွားသလို ခံစားရသည်။ ဒီ ပျော်ရွှင်မှုကို တမင်တကာ မပြောပြခဲ့မိ..  တစ်ယောက်ယောက်ကိုများ ပြောခဲ့မိရင် လုယူခံရမှာ ကြောက်တဲ့ ကလေးဆန်တဲ့ ခံစားချက်ကြောင့်လည်း ပါသလို၊ မမကြီးနဲ့ ဟယ်အာ့ကြား အသက် သုံးနှစ်ခြားတာက တခြားသူတွေ ၁၃နှစ်ခြားတာထက် အများကြီး ပိုဆန်းလို့ဖြစ်သည်။ ဒါကြောင့် ၂၆ နှစ်အရွယ် ခန္ဓာကိုယ်ထဲ စိမ့်ဝင်နေတဲ့ ဂန်ဟယ်အာက ၃၂နှစ်ဖြစ်နေတာတောင် မမကြီးကို ဆက်ဆံရတာ ခက်ခဲတုန်းဖြစ်သည်။

"တို့တွေ ဥက္ကဋ္ဌကြီးက အပြင်ပန်းကတော့ ဘာမှမဖြစ်သလိုသူ ဟန်ဆောင်နေမယ်။ အတွင်းကတော့ လုံးဝ ပုံပျက်နေတဲ့ လူကြီးတစ်ယောက်ပဲလေ"

ဘယ်သူကများ မမကြီးကို ပေါ့ပေါ့ပါးပါးနဲ့ မလေးမစား ဆက်ဆံနိုင်မှာလဲ။ အခုလို ပြတ်ပြတ်သားသား ပြောနေတဲ့ မျက်နှာမှာ အပြုံးတစ်စက်ကလေးမှ မရှိသည်လေ။

"ဟယ်အာ မင်းလည်း သိပါတယ်​။ beta ဖြစ်နေတုန်းက မင်းထက် အင်အားကြီး alpha ဖြစ်တဲ့ ငါ့ကို ချစ်ပေမယ့်.. သမီးဖြစ်တဲ့ ငါ့ထက်တော့ သားဖြစ်တဲ့ ဂန်အီဟယ်ကို ပိုချစ်တယ်ဆိုတာ"

ဘာမှမဖြစ်သလိုနဲ့ ချက်ကျလက်ကျ ပြောနေတဲ့ လေသံက ပြတ်သားတည်ငြိမ်သည်။

"...အဲ့ဒါတွေထက် ဥက္ကဋ္ဌကြီး ဘာ ပိုကြိုက်မလဲဆိုတာ သိလား။ တစ်ကိုယ်တည်းသမား သမီးတွေ လုံးဝ မမွေးပေးနိုင်တဲ့ မြေးကိုပဲ.."

"......"

"အခုလည်း ကြည့်လေ။ အီဟယ်က မင်း ဗိုက်ကို ဒီပုံစံဖြစ်အောင် ကန်လိုက်တာတောင် မအံ့သြတဲ့သူက.. အဲ့ဗိုက်က ကလေးမွေးဖို့ ဗိုက်ဆိုတာ သိတော့ ဘယ်လိုဖြစ်သွားလဲ။ သူ့ သားအကြီးဆုံးရဲ့ နှာခေါင်းကို ချေမွထားတာတောင် ဘာမှမပြောဘူး"

"...အစ်ကိုကြီး နှာခေါင်း ကျိုးကြေသွားတာလား"

"ကောင်းတာပေါ့။ လက်စနဲ့ ပလတ်စတစ်ဆာဂျရီတောင် လုပ်လို့ရသေး"

ရှေ့ဆက်ဖြစ်လာမယ့် အရာအားလုံးက အသစ်အဆန်းတွေချည်းပဲဆိုတာ လက်ခံထားပြီးသားပါ။ ဒါပေမယ့် ဒီလို ဖြစ်ရပ်မျိုးကိုတော့ မမျှော်လင့်ခဲ့မိပါ။ မမကြီးနဲ့ စကားပြောတာမျိုး.. မမကြီးက ကြင်နာတဲ့ အသံနဲ့ ပြောတာမျိုးကို တစ်ခါမှ စိတ်ကူးတောင် မယဉ်ဖူးဘူး။ အရမ်းကို ဆန်းကြယ်တဲ့ ကြင်နာမှုကြောင့် အသားအရည်တွေ ယားပြီး အဖုအပိမ့်တွေ ထွက်လာတော့မလိုပင်။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now