အပိုင်း (၃၅)

1.9K 216 0
                                        

ဂျွန်းအူက သူ့ကို နံရံဘက် တွန်းထည့်လိုက်သည်။ တုန်လှုပ်နေတဲ့ အချိန်မှာပဲ နံရံချပ်နဲ့ ကျောတိုက်သွားသည်။ ဟယ်အာ့အနားကို ဒီကောင် နီးလာတာနဲ့အမျှ အရက်နံ့က ထောင်းခနဲ ရသည်။ ရွံရှာလွန်းတဲ့ ခံစားချက်ကြီးက ကျောရိုးတလျှောက် စီးဆင်းသွားသည်။ 'လိုက်မလာသင့်ဘူး' ဆိုပြီး နောင်တတွေနဲ့ တွန်းဖယ်ကြည့်ပေမယ့် အားမလျှော့သွားဘူး။

သူ့လက်က ဟယ်အာ့ ဘောင်းဘီခါးပတ်ကို ရုတ်တရက်ဆွဲလိုက်တာနဲ့ ခန္ဓာကိုယ်က တပတ်လည်သွားပြီး အုန်းကနဲ နံရံနဲ့ ရင်ဘတ်နဲ့ တသားတည်းဖြစ်သွားသည်။ ဒီကောင် ပန်းပုထု လက်မှုမေဂျာထွက်မို့လို့များလားပဲ.. အားကတော့ အလွန်ကြီးသည်။

ရွံရှာဖွယ် အနံ့ကြီးက အရက်နံ့တွေနဲ့ ရောပြီး ပျံ့လာသည်။ လည်ပင်းနောက်ကို မျက်နှာအပ်ထားပြီး သူငယ်ချင်းဟောင်းတစ်ယောက်ရဲ့ ညည်းသံကို ကြားရတာ တော်တော့်ကို နားဝင်ဆိုးပါသည်။ တင်ပါးကိုရိုက်ပြီး ခါးကို ဘေးနှစ်ဖက်ကနေ ချုပ်ထားရင် ပိုတောင်ဆိုးသေးသည်း။

ချည်ထည်ဘောင်းဘီ အသားကို ကပ်တဲ့အထိ ဆွဲပြီး ဒီကောင်က ဟယ်အာ့ရဲ့ အရှေ့ကို လာပွတ်သပ်နေသည်။ ရယ်စရာဂိမ်းတစ်ခု ကစားနေသလိုမျိုး တခစ်ခစ်ရယ်သံက တော်တော်လေး စိတ်လှုပ်ရှားနေပုံပေါ်သည်။ တားချိန်တောင်မရလိုက်ဘဲ ဟယ်အာ့ တင်ပါးက ဂျွန်းအူရဲ့ အောက်ပိုင်းနဲ့ နှစ်ခေါက်သုံးခေါက်လောက် ထိပြီးနေပြီဖြစ်သည်။

တဖန်းဖန်းအသံတွေမြည်ရင်း ဟယ်အာ့ခန္ဓာကိုယ်လေး လှုပ်ခါသွားသည်။ ချက်ချင်း လိင်ဆက်ဆံနေပုံပေါ်တဲ့ ဒီ လှုပ်ရှားမှုတွေကြောင့် ဟယ်အာ့ မျက်နှာတစ်ခုလုံး ပူတက်လာသည်။ အရှက်မှာသာ အရောင်ရှိခဲ့မယ်ဆိုရင် ခရမ်းရောင်လေးများ ဖြစ်လောက်မလား။ အမြင်အာရုံတွေ မှုန်ဝါးသွားသည်။

"တစ်ခေါက်ခံပြီးရင် စိတ်တောင် ထိန်းရမယ့်ပုံမပေါ်ဘူး.. မိဘငွေတွေနဲ့ ပန်းချီကားရောင်းတဲ့ကောင်ကများ။ ဉာဏ်ကြီးရှင်ယောင်ဆောင်ကတည်းက အမြင်ကတ်ခဲ့တာ.."

ရေရွတ်သံကြောင့် ဟယ်အာ့ခေါင်းတစ်ခုလုံး ပြာထွက်သွားသည်။ ဒါ ငါ့ကို ပြောနေတာလား။ ဒီကောင် ငါ့ကို စကားနဲ့ရော ခန္ဓာကိုယ်နဲ့ရော စော်ကားနေတာလား။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now