အပိုင်း (၁၂၂)

2.5K 148 22
                                        

ညရောက်တော့ မကျွမ်းကျင်တဲ့ ဟင်းချက်စွမ်းရည်တွေနဲ့ လက်စွမ်းပြလိုက်သည်။ Tablet ဖွင့်ပြီး ဟင်းချက် video ဖွင့်ကာ လိုက်လုပ်နေသည့် ထယ်ရင်းကိုကြည့်ပြီး ဟယ်အာ ဘယ်လောက်တောင် တခွိခွိလုပ်နေသလဲဆို နောက်စေ့တောင် ယားလာသည်။

"သြော!!!! ဟိတ် သတိထား! ကိုယ့် လက်ထဲမှာ ဓားနော်"

ဟယ်အာက apron ဝတ်ထားတဲ့ ထယ်ရင်းကို နောက်ကနေ သိုင်းဖက်ထားပြီး လုံးဝလွှတ်မပေးချေ။ ဟင်းချက်နေတဲ့တစ်လျှောက်လုံး ကျောပြင်မှာ ကပ်ပြီး 'ကောင်းလိုက်တာ' လို့ တိုးတိုးပြောသံဟာ ဘယ်လောက်တောင် ချိုမြိန်လိုက်သလဲ။ ကလေးလေးတွေ အဝတ်သိုင်းပြီး ပုခက်လုပ် ချီထားသလို အရွယ်ရောက်သူတွေအတွက်လည်း အဲ့လိုချီလို့ရတဲ့ဟာမျိုးများ ရှိမလားလို့ တွေးမိသေးသည်။

ဟယ်အာ ကြိုက်တတ်တဲ့  ဆောလမွန်ငါးကင်နှင့် ချိစ် ဖယ်မထားသည့် salad, ပြီးတော့ ဘဝမှာ တစ်ခါတည်းသာ ကြော်ပေးဖူးသည့် ထမင်းကြော်ကို စားပွဲမှာ ခင်းပေးလိုက်တော့ ဟယ်အာက အချိန်ကိုက်ပဲ ဝိုင်ပုလင်း ယူလာသည်။

"အရက်မသောက်သင့်ဘူးဆိုတာ သိပေမယ့်... ဒီနေ့ပဲ ခွင့်ပြုနော်.. နော်?"

ဝိုင်ဖြူပုလင်းအား ပွေ့ဖက်၍ သွေးဆောင်သည့် စကားတွင်..

"အင်းပါ.. ပေး ဒီကို"

လက်ကမ်းကာ ပုလင်းအဖုံး ဖွင့်ပေးလိုက်သည်။

ဟယ်အာ့ကို ပျော်အောင်လုပ်ပေးဖို့ဆိုတာ လွယ်လွန်းလို့ အရမ်းတောင် မကြိုးစားရလိုက်ပေ။ ကိုယ်တိုင် ချက်ပေးထားတဲ့ စားစရာတွေနဲ့ ဖန်ခွက်ထဲ ရေခဲတုံးအပြည့်နဲ့ ဝိုင်ငှဲ့ထည့်ပေးရုံနဲ့တင် လုံလောက်သည်။ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ဟယ်အာက ဘာမှကို ထွေထွေထူးထူး မရှိတာတောင် တဟဲဟဲ ရယ်ကာ ပြုံးရွှင်နေသည်။

"ဒီနေ့ကျမှ ဘယ်လိုဖြစ်တာလဲ ထယ်ရင်းရှီ"

ဟယ်အာက စားပွဲပေါ် ဖြတ်တင်ထားတဲ့ ထယ်ရင်းရဲ့ လက်ပေါ်ကို အုပ်ကိုင်လိုက်ပြီး လက်ထပ်လက်စွပ်ကို လက်ညှိုးနှင့် ပွတ်နေသည်။

"ဘာလဲ.. ထူးဆန်းလို့လား?"

လက်ဖဝါးအချင်းချင်း ထိအောင် လက်ကိုလှန်လိုက်ရင်း မေးလိုက်သည်။ ဟယ်အာက ပါးပြင်တွေနီရဲကာ ရှက်ပြုံးပြုံးသည်။ ပြီးနောက် နားရွက်ဖျားနဲ့ ပခုံးနဲ့ တန်းတူဖြစ်သည်အထိ ရယ်နေပုံက သူ့ရဲ့ ပျော်ရွှင်မှုတွေပါ လေထုထဲ လွင့်ပျံ့လာသလိုပင်။

You've reached the end of published parts.

⏰ Last updated: Aug 25 ⏰

Add this story to your Library to get notified about new parts!

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now