လက်မနဲ့ လက်ညှိုးကို တေ့ကာ လက်သည်းချင်းကုတ်နေလိုက်သည်။ အမာရွတ်ကျန်နေသည့် အသားမာရဲ့ ယားယံမှုက တကယ်ကို အပြင်မှာ ဖြစ်နေသလို ခံစားရသည်။ လက်မြှောက်၍ လည်ပင်းအား ဖုံးအုပ်လိုက်တော့ ဒုတ်.. ဒုတ်.. ပြေးနေတဲ့ လူတစ်ယောက်ရဲ့ ခြေသံတွေလို မြည်ဟည်းနေသည့် သွေးခုန်နှုန်းကိုလည်း ခံစားမိသည်။
အသက်ရှင်နေရသလို ခံစားချက်ကို ပေးတဲ့အရာတွေကနေ နှစ်သိမ့်မှုရယူရင်း ထယ်ရင်း ခေါင်းမော့လိုက်ငည်။ ဘာမှန်းမသိဘဲ အူကြောင်ကြောင် မျက်နှာဖြင့် ဂင်မင်ဆူက ခပ်စောင်းစောင်း ရပ်နေသည်။
"...အဲ့တုန်းက လုပ်ခဲ့တဲ့ test ရလဒ်ကို ဘယ်လို စစ်ဆေးခဲ့တာလဲ?"
ထယ်ရင်းက မေးလိုက်သည်။
"... မင်းတို့ developer team က test လုပ်ငန်းစဉ်တွေကို တစ်ခုချင်းစီ ဖတ်ပြီးစစ်ခဲ့တာလား?"
"အာ? အဲ့လိုတော့ မဟုတ်ဘူး...။ ပုံမှန်ဆို အဲ့လောက်ထိ ဘယ်လိုက်စစ်နိုင်မလဲ။ ချက်ချင်း zip မလုပ်ထားရင် data တွေ ဖောင်းပွလာပြီး disk တောင် ပေါက်ထွက်တော့မယ့်ဟာ။ result ရာခိုင်နှုန်း ထွက်တာနဲ့ test ထဲက အကြောင်းအရာကိုတော့ အတိုချုံးလိုက်တယ်... နဲ့ တူတယ်... အင်း... သေချာတော့ မမှတ်မိဘူး"
ပြီးနောက် အဖွဲ့ခေါင်းဆောင်ဂင်က ခေါင်းစောင်းကာ တစ်ခုခုကို တွေးဟန်ပြုသည်။ တကယ်မဖြစ်လာလို့ သူ့ခေါင်းထဲ ရှိမနေတဲ့ မှတ်ဉာဏ်ကို ကုတ်ခြစ် မစဉ်းစားခင် ထယ်ရင်း လည်ချောင်းရှင်းလိုက်သည်။
"ဒါဆိုရင်.. အချက်အလက်တွေကို zip မပိတ်ခင် တကူးတက check လုပ်ရတဲ့ အခြေအနေမျိုးရောရှိလား?"
သံသယမဖြစ်အောင် သွယ်ဝိုက်၍ မေးလိုက်သည့်စကားတွင် ဂင်မင်ဆူရဲ့ မျက်ခုံးတွေ တွန့်သွားသည်။ ညမအိပ်ရလို့ ပင်ပန်းနေတဲ့ မျက်လုံးတွေကို တစ်ခါနှစ်ခါ မှိတ်လိုက်ပြီးနောက် ထယ်ရင်း မျက်နှာကို တစ်ခါ၊ သူ့ အဝတ်အစားကို တစ်ခါ ကြည့်သည်။ ခေါက်ဆွဲပြုတ်ရည် စွန်းထင်းနေသည့် အညိုရောင် လက်ရှည်အင်္ကျီရဲ့ ဗိုက်နေရာသည် တွန့်ကြေနေသည်။
"အဲ.. ကိုယ်စားလှယ်ကြီး..."
ဂင်မင်ဆူက လက်ဖဝါးနှစ်ဖက်ကို ပေါင်မှာပွတ်သုတ်ပြီး ရပ်နေသည့် ပုံစံကို ပြင်ဆင်လိုက်သည်။
ESTÁS LEYENDO
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
RomanceTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
