နှုတ်ခမ်းတွေကို မနည်း ခွာလိုက်တော့ ဟယ်အာရဲ့ ခေါင်းက နောက်ကို လိုက်ပါလာသည်။ ရိုးသားစွာ ငုံ့ကျနေတဲ့ မျက်လုံးတွေက ပုံမှန်ဆို ကြည်လင်နေတတ်တာကို အခုဆို အတော်လေး မှုန်ဝါးနေသည်။
နီရဲလာတဲ့ သူ့ နှုတ်ခမ်းကို လက်ညှိုးနဲ့ လှမ်းတားလိုပ်သည်။
"အသံ...တမင်တကာ လုပ်တာလား?"
လေးလေးနက်နက် မေးလိုက်တဲ့ စကားကြောင့် ဂန်ဟယ်အာက မျက်မှောင်ကြုတ်သည်။ 'တကယ်ပဲ ဘာတွေပြောနေတာလဲ' လို့ ဆိုရင်း မေးမိတဲ့ ထယ်ရင်းကို ထူးဆန်းတဲ့လူတစ်ယောက်လိုတောင် စွပ်စွဲလာသည်။
"...အထင်မလွဲပါနဲ့။ ကိုယ့်ကို ဖြားယောင်းချင်နေတာများလားလို့ မသဲကွဲလို့"
"ဘာကြီး?"
ယုန်မျက်လုံးလေးတွေလို ပြူးကျယ်အောင် ဖွင့်ပြီး စိုက်ကြည့်နေတဲ့ အဝိုင်းလေးထဲမှာ ဝေဖန်မှုသေးသေးလေး ပါနေသည်။
"ထယ်ရင်းရှီက အဲ့လောက်တောင် လွယ်တဲ့ယောက်ျားလား?"
အဲ့လို ပြန်ပက်လာတော့ အံ့သြလွန်းလို့ အသံတောင်မထွက်နိုင်ဘဲ ရယ်မိသည်။
"စကားလေးများ ပြောမတတ်ရင်ဖြင့်"
ဂန်ဟယ်အာနဲ့သာ အတူရှိရင် ဘာလို့ ဒီလောက်တောင် ပျော်စရာကောင်းနေတာ။ ဘာလို့လဲ.. တစ်ရက်၊ နှစ်ရက်က တစ်နာရီ၊ နှစ်နာရီ ဖြစ်သွားပြီး ၂၈ နှစ်တာ တောင့်ခံလာတဲ့ ခိုင်မာတဲ့ စိတ်က ရေထဲကျသွားတဲ့ ငှက်သိုက်မုန့်လို အရည်ပျော်သွားရတာလဲ။
လေယာဉ် မလွတ်ခင်အထိ သူ့ကို ရင်ခွင်ထဲ ထည့်ထားခဲ့သည်။ အလုပ်သွားရမှာကို ဒီလောက် မုန်းတီးဖူးတာ ရှိခဲ့ဖူးလား...။ အလုပ်ကိစ္စတွေ၊ အစည်းအဝေးတွေက တကယ်ကို အကျိုးမရှိတဲ့ အရာတွေဖြစ်သည်။ တခြားသူတွေရဲ့ ချစ်သူတွေ ရှာပေးတဲ့ စက်တစ်လုံး ထုတ်လုပ်ဖို့နဲ့ ကိုယ့်အပေါ် imprint ထားတဲ့ ဟယ်အာ့ကို စိတ်တိုင်းကျတောင် ဖက်မထားနိုင်ဘူး။
၁၄ နာရီကြာ Economy Class မှာ ခန္ဓာကိုယ်ကို ကျုံ့နေခဲ့ပြီး အသွားအပြန် ၇ နာရီအကြာလောက် ကားမောင်းပြီး ခွေးကိုလည်း ခေါ်လာခဲ့ပြီးပြီ။ မနက်ခင်းတုန်းကလည်း ဟယ်အာကိုယ်တိုင် အရင် စလာခဲ့ပေမယ့် ဧည့်သည်တွေလာလို့ ပျက်သွားပေမယ့် .. ညဘက်ကျရင်တော့ နည်းနည်းလေး....... ပြစနိုင်မယ်ထင်ခဲ့သည်။ ဒါပေမယ့် သူက ဒီတိုင်းကြီး အသားလွတ်ကြီး ဘာမှမလုပ်ဘဲ ထယ်ရင်းကို အမေရိက ပြန်လွှတ်သည်။
YOU ARE READING
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
RomanceTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
