အပိုင်း (၆၃)

1.5K 208 9
                                        

"ကျွန်တော် .. ကျွန်တော် အိပ်ပျော်သွားတယ်"

ကြောင်တောင်တောင်နဲ့ ဝန်ခံလိုက်တဲ့ သူ့ဆံပင်ကို ထယ်ရင်းက ဖွလိုက်သည်။ ပြီးနောက် ပြုံးစစလုပ်ပြီး ကားနောက်ခန်းကို လက်လှမ်းပြီး တောင်ကိုရီးယား တခွင်မှာ မြင်ရနိုင်တဲ့ နာမည်ကြီးဆိုင်က ပေါင်မုန့်ထုတ်ကို ရင်ခွင်ထဲ ထည့်ပေးသည်။

"အချိုရည်လေးဖြစ်ဖြစ် သောက်လိုက်"

အူတူတူနဲ့ အိတ်ထဲ ငုံ့ကြည့်လိုက်တော့ hamburg steak ညှပ်ထားတဲ့ ဆန်းဒဝှစ်ချ်ရယ် croissant, ရေသန့်တစ်ဘူးရယ် အချိုရည်တစ်ပုလင်းရယ် မျိုးစုံပါတာ တွေ့လိုက်ရသည်။ အစာအိမ်က မျက်လုံးများပါသလားပဲ အစားအသောက်မြင်တာနဲ့ ဗိုက်ထဲကနေ တဂွီဂွီ အသံပေးလာသည်။ အိပ်လိုက်လို့များလား ဗိုက်ဆာတာ ပိုဆိုးလာသလိုပင်။

ပလက်စတစ်အကြည်နဲ့ ထုတ်ထားတဲ့ croissant ကို အရင်ထုတ်လိုက်သည်။ ကပ်စေးစေး ပလတ်စတစ်ကို ဆုတ်ဖြဲပြီး ပေါင်မုန့်တစ်ဝက်လောက်ကို ပါးစပ်ထဲထိုးထည့်လိုက်သည်။ ပလုပ်ပလောင်းနဲ့ ပေါင်မုန့်တစ်ခုလုံး ပါးစပ်ထဲ ဖိထည့်ပြီးမှပဲ အပြင်က ပတ်ဝန်းကျင်က မျက်လုံးထဲဝင်လာသည်။

အိပ်မပျော်ခင် မြင်ခဲ့ရတဲ့ ကျောက်စရစ်လမ်းအစား ခပ်နိမ့်နိမ့် တောင်ကုန်းလေးရယ် အဲ့ဘေးမှာရှိတဲ့ တောင်တက်လမ်း၊ ကွန်တိန်နာနဲ့ ဆောက်ထားတဲ့ အဆောက်အဦး၊ ပြီးတော့ အစိမ်းရောင် သံဆန်ခါ ကာထားတဲ့ ကွင်းငယ်လေးကို မြင်လိုက်ရသည်။

ပါးစပ်အပြည့် ပေါင်မုန့်တွေကို ဝါးရင်း အဲ့မြင်ကွင်းတွေကို ကြည့်မိတော့ ခွေးဟောင်သံတွေလည်း ဆက်တိုက် ကြားနေရသည်။

"အူလ်ရှီဒိုက စွန့်ပစ်ခွေး စောင့်ရှောက်ရေးစင်တာ.. ဖုန်းဆက်ပြီး ဂျင်ဒိုခွေး ရှိလားလို့ မေးကြည့်တာ ခွေးဖြူတွေချည်းပဲ ၂၂ကောင်ရှိတာတဲ့"

လိမ္မော်ရည် ပုလင်းအဖုံးဖွင့်ရင်းနဲ့ ထယ်ရင်းက ပြောသည်။ ဟင်.. အရင်က သူ အသီးဖျော်ရည်တွေ ကြိုက်တတ်လို့လား..တွေးရင်းနဲ့မှ ပုလင်းက ဟယ်အာ့ရှေ့ ရောက်လာသည်။

စက္ကန့်အနည်းငယ်ကြာလောက် ထယ်ရင်း ဖွင့်ပေးထားတဲ့ ရှားပါးတဲ့ အချိုရည်ပုလင်းကို စိုက်ကြည့်နေမိသည်။ စိုက်ပဲစိုက်ကြည့်နေတော့ သူက 'သောက်လေ' လို့ပါ ထပ်ပြောသည်။ အဲ့တော့မှ လိမ္မော်ရည်ပုလင်းကို ယူပြီး တဂွတ်ဂွတ် သောက်ချလိုက်သည်။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now