အပိုင်း (၈၃)

1.1K 176 9
                                        

"......"

နူးညံ့တဲ့ အနမ်းမှာ ဆန်းကြယ်တဲ့ ခါးသက်မှု အရသာ ရောနေသည်။ ခြောက်သွေ့နေတဲ့ သူ့ နှုတ်ခမ်းရဲ့ ထိတွေ့မှုက ပုံမှန်ထက် ကြမ်းတမ်းနေသည်။ ဒါပေမယ့် နှုတ်ခမ်းကြားထဲကို ဝင်လာတဲ့ လျှာကတော့ အမြဲလိုလို နူးညံ့နေဆဲပင်။ ပါးစပ်က အလိုလို ပွင့်ဟသွားပြီး မျက်လုံးတွေ ဖြည်းဖြည်းချင်း မှိတ်သွားကာ ရင်ဘတ်ထဲက ပွက်ပွက်ဆူနေတဲ့ အသံကို ကြားနေရယောင်ပင်။

အားကုန်သွားပြီး တဖြည်းဖြည်း ကုတင်ပေါ် နောက်ပြန်လဲကျသွားတဲ့ ဟယ်အာ့အပေါ်ကို ထယ်ရင်းက အုပ်မိုးနေသလိုဖြစ်သွားသည်။ တပြွတ်ပြွတ် အနမ်းပေးသံတွေက ချစ်စရာကောင်းရာကနေ နားရှက်စရာကောင်းတဲ့အထိ အငမ်းမရဖြစ်လာသည်။ နှာဖျားဝက လေပူလေနွေးတွေ ထွက်လာပြီး ဟယ်အာ့ ပါးပြင်ကို အုပ်ကိုင်ထားတဲ့ ထယ်ရင်းရဲ့ အေးစက်တဲ့ လက်ဖဝါးတွေလဲ ပြန် နွေးထွေးလာသည်။

"အိမ်..."

ဟယ်အာ ခဏလောက် နှုတ်ခမ်းတွေ ခွာသွားတဲ့အချိန်ကို လုယူပြီး ပြောလိုက်သည်။

"အိမ်ပြန်ချင်တယ်... ဒိုဂျင်းလေးကိုလည်း တွေ့ချင်တယ်... ကျွန်တော်တို့အိမ်..."

ထိုအခါ ထယ်ရင်းဆီက အနမ်းတစ်ချက်,

"မနက်ဖြန်"

နောက်ထပ် တစ်ကြိမ်,

"မနက်မိုးလင်းတာနဲ့ သွားကြမယ်"

အနမ်းတွေ ဆက်တိုက် ကျလာသည်။

အနမ်းတွေကြောင့် ဟယ်အာ့ အာရုံ ပျံ့လွင့်သွားပြီး ထယ်ရင်းကတော့ ဆန့်ကျင်ဘက်ပင်။ အရင်ကထက် သွေးရောင်လွှမ်းနေတဲ့ မျက်နှာနဲ့ ထယ်ရင်းက ဟယ်အာ့ ခါးအောက်နဲ့ ပေါင်အောက်မှာ လက်တွေ ထည့်လိုက်သည်။ အားပျော့နေတဲ့ ခန္ဓာကိုယ်ပေါ့ပေါ့က မြောက်တက်သွားပြီး ကုတင်ညာဘက်၊ IV drip နဲ့ နီးတဲ့နေရာကို ရွှေ့သွားသည်။ စောင်ပေါ်ကို ပုံ့ကနဲ ကိုယ်ကျသွားတဲ့အခါ ဟယ်အာ့ မျက်လုံးတွေ ပြူးကျယ်သွားသည်။

'...ထယ်ရင်းရှီက တကယ်တမ်း ဘယ်နှစ်ကီလိုအထိ မ,နိုင်တာပါလိမ့်'

လှဲလျောင်းဖို့ နေရာကို လျင်မြန်စွာ ဖန်တီးပေးပြီးနောက် ချောင်းထယ်ရင်းက ကုတ်အင်္ကျီကို ချွတ်လိုက်သည်။ တစ်နေကုန် ပင်ပန်းနွမ်းနယ်ခဲ့ပုံက သူ့ရှပ်အင်္ကျီပေါ်မှာ ကပ်ညှိနေသည်။ မီးခိုးရောင် ရှပ်အင်္ကျီလက်ဖျားမှာ ကော်ဖီစွန်းနေတဲ့ အစွန်းအထင်းလို အရာတွေကို မြင်တော့ ဟယ်အာ အလကားသက်သက် စိတ်မကောင်းဖြစ်မိသည်။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now