တိုတောင်းသော မျက်လုံးချင်းဆိုင် တိုက်ပွဲအပြီးတွင် ထယ်ရင်းက သက်ပြင်းချသည်။ မျက်လုံးချင်းဆိုင် တိုက်ပွဲတွင် အနိုင်ရသွားသူမှာ ဟယ်အာဖြစ်သော်လည်း ပြောစရာစကား အရင်ရှာတွေ့သူမှာ ထယ်ရင်းဖြစ်သည်။
"လက်မှတ်တင်မကဘူး။ လက်ဆောင်တွေအားလုံးက လွန်လွန်းတယ်ကွာ။ အဝတ်လဲခန်းထဲ ပြုံနေတဲ့ နာရီတွေပဲ ကြည့်ဦး။ ကိုယ် အဲ့လောက် အများကြီး မလိုဘူး"
နာရီအကြောင်းပြောတော့ ဟယ်အာ့ နဖူးကြောတွေ တွန့်သွားသည်။ personal shopper တွေကို ဆက်တိုက်ခေါ်ပြီး ရွေးချယ်လာတဲ့ ပစ္စည်းအားလုံးကို ဝယ်ခဲ့တာဆိုတော့ အရေအတွက်ကတော့ များတာ ဟုတ်ပါသည်။ ဒါပေမယ့် တစ်ခုချင်းစီမှာ မန်နေဂျာတွေ ကိုယ်တိုင်ရွေးထားတာဖြစ်ပြီး ထယ်ရင်းနဲ့ လိုက်ဖက်တာတွေချည်းမို့ မဝယ်ဘဲ မနေနိုင်ခဲ့ဘူး။ ဒီအခွင့်အရေးမှာ နာရီတွေပဲ ထည့်သိမ်းဖို့ သိုလှောင်ခန်းတစ်ခု လိုချင်တာကြောင့် ထယ်ရင်း အရပ်နဲ့ ညီတဲ့ ခြေတံရှည် ဗီရိုအလှထားစင် တစ်လုံးကိုလည်း မှာထားခဲ့ပြီးသားဖြစ်သည်။
"...ဘာလို့လဲ?"
အဲ့တော့ ဘာဖြစ်လို့လဲ။ ဘာလို့လဲ။ အများကြီးရှိတာ ကောင်းတာ မဟုတ်ဘူးလား။ မကောင်းဘူးလား။
နာရီမှာ စိတ်ဝိညာဉ်သာ ရှိမယ်ဆိုရင် ထယ်ရင်းလို ထင်ရှားတဲ့ ပုဂ္ဂိုလ်က သူ့ကို ဝတ်ဆင်ပေးတာကို ကျေးဇူးတင်နေမှာပဲ။ နေ့စဉ် စိတ်ခံစားချက်အလိုက် ကြိုက်တဲ့နာရီကို ရွေးဝတ်နိုင်ရင် ထယ်ရင်းလည်း ပျော်မယ်လို့ ထင်ခဲ့တာ။ အကယ်လို့ ဒါက အလုပ်ရှုပ်စရာဆိုရင်လည်း လည်စည်းနဲ့ နာရီလောက်တော့ ဟယ်အာ တစ်သက်လုံး ရွေးပေးနိုင်တာပဲ။
"အဲ့လောက် အများကြီး အကုန် ဝတ်သွားလို့မှ မရတာ.. ကြည့်! ကိုယ် အလုပ်သွားရင် လက်မှာ နာရီတွေ အပြွတ်လိုက်ကြီး ဝတ်သွားရမှာလား"
ဒါပေမယ့် ထယ်ရင်းက ထူးဆန်းတဲ့စကား ပြောလာသည်။ ဟယ်အာ ကြားဖူးသမျှထဲမှာ အဆန်းဆုံး စကားဖြစ်သည်။ အကြိမ်တစ်ရာလောက် နားလည်အောင် ရှင်းပြရင်တောင် နားလည်ရခက်တဲ့ စကားပဲ။ ချောင်းထယ်ရင်းက ကျောက်တုံးကြီး ကြည့်ပြီး ဟ အဲ့တာ ပဲစေ့လို့ ပြောရင်တောင် ဟယ်အာ ယုံမိမှာပါ။ ဒါပေမယ့်လည်း ဒါကြီးကိုတော့ ဟယ်အာ လက်မခံနိုင်ပါ။
ВЫ ЧИТАЕТЕ
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
Любовные романыTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
