ဂန်ဟယ်အာ\test.txt
'ပျော်ရွှင်တဲ့ မိသားစုတိုင်းမှာ ပျော်ရွှင်ရတဲ့ အကြောင်းအရင်း ဆင်တူကြပြီး မပျော်ရွှင်တဲ့ မိသားစုတိုင်းကတော့ မပျော်ရွှင်ရတဲ့ အကြောင်းရင်းတွေ ကိုယ်စီ ကွဲပြားကြတယ်' ဆိုတဲ့ Anna Karenina ရဲ့ နိယာမကို ထယ်ရင်းရှီနဲ့ ကျွန်တော့်ရဲ့ ခြားနားချက်က အထင်အရှား သက်သေပြနေခဲ့တယ်။ ထယ်ရင်းရှီက ပန်းချီကားထဲမှာပဲ ပါတတ်တဲ့ ပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူဖြစ်ပြီးတော့ ကျွန်တော်ကတော့ ဘယ်မှာမှ မမြင်ဖူးတဲ့ အကြောင်းရင်းတွေနဲ့ မပျော်ရွှင်တဲ့ မိသားစုမှာ ကြီးပြင်းလာခဲ့သူပဲ။
သူ့ဘေးနားမှာနေရင်း ကျွန်တော် မပြည့်စုံခြင်းဆိုတာ ဘာလဲဆိုတာ ပထမဆုံးအကြိမ် ခံစားခဲ့ရတယ်။ ထယ်ရင်းရှီမှာ ပြီးပြည့်စုံတဲ့ မိသားစု၊ ပြည့်ဝတဲ့ ချစ်ခြင်းမေတ္တာ၊ သူ့အတွက်ပဲ အမြဲ အသင့်ရှိနေတဲ့ သူငယ်ချင်းတွေ ရှိနှင့်ပြီးသား။ ဒါပေမယ့် ကျွန်တော့်မှာတော့ အဲ့ဒီ့သုံးမျိုးထဲမှာ ဘာတစ်ခုမှ မရှိခဲ့ဘူး။ သူ့အပေါ် အသုံးမကျတဲ့ မနာလိုစိတ်တွေ ဝင်လာချိန်တိုင်း အာခေါင်ထဲမှာ ခါးသက်သက် အရသာ ခံစားရတယ်။
မင်္ဂလာဆောင်ခါနီး ညမှာ ဘယ်လိုမှ အိပ်မပျော်ခဲ့ဘူး။ နာရီတိုင်း၊ မိနစ်တိုင်း၊ စက္ကန့်တိုင်းမှာ အချက်တစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါစဉ်းစားပြီး လက်ခံဖို့ ကြိုးစားခဲ့တယ်။ မိသားစု၊ ချစ်ခြင်းမေတ္တာ၊ သူငယ်ချင်း။ ကျွန်တော် အဲ့အရာအားလုံးကို ချောင်းထယ်ရင်းကို ပေးချင်တယ်။ သူ့ဆီကလည်း ပြန်ရချင်တယ်။ ဒါပေမယ့် ထယ်ရင်းရှီကတော့ ကျွန်တော့်ကို မလိုချင်ဘူးဆိုတာကိုလည်း သိထားရတယ်။ ချောင်းထယ်ရင်းဟာ ကျွန်တော့်ကို အဲ့အရာအားလုံးကို ပေးစရာလည်း မလိုသလို၊ ပြန်ယူစရာလည်း မလိုအောင် ပြည့်စုံနေတဲ့ လူတစ်ယောက်ပဲဆိုတာကို လက်ခံဖို့ ကြိုးစားခဲ့ရတယ်။
YOU ARE READING
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
RomanceTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
