အပိုင်း (၃၇)

2.4K 225 31
                                        


"ဒါတွေ ဘယ်သူလုပ်ထားတာလဲ"

ထယ်ရင်းရဲ့ အသံဟာလဲ ဟယ်အာ့လိုပဲ အသံဝင်နေပြီဖြစ်သည်။

"ကိုယ့်ကို ပြောပါ.. ဘယ်သူ မင်းကို နာကျင်စေတာလဲ,.. ဘာလို့ ပြန်မဖြေဘဲ မသိချင်ယောင်ဆောင်နေရတာလဲ"

ထယ်ရင်းရဲ့ အသံ ခပ်နိမ့်နိမ့်မှာ ဟယ်အာ့ ရင်ခွင်တွင်း မှောင်မိုက်စွာ လောင်ကျွမ်း ပြာကျသွားသည်။ "မင်းကို ဘယ်သူရိုက်တာလဲ" လို့ မေးခဲ့ရင် ဖြေဖို့ အကြောင်းပြချက်တွေ အများကြီးရှိပေမယ့် 'ဘယ်သူက နာကျင်စေလဲ' ဆိုတဲ့ မေးခွန်းကျတော့ genre မတူတဲ့ စာအုပ်တစ်အုပ်လိုပဲ။ ဟယ်အာ့ကို နာကျင်စေပြီး တုန်ယင်နေအောင် လုပ်နိုင်တာ ဒီကမ္ဘာပေါ်မှာ တစ်ယောက်တည်း ရှိပါသည်။

အဲ့ဒီသူက ခင်ဗျားပါပဲ.. ခင်ဗျားပါ ချောင်းထယ်ရင်း။

ခင်ဗျားနဲ့ ကျွန်တော် တစ်ယောက်ကို တစ်ယောက် ဒဏ်ရာတွေ ပေးခဲ့ကြတယ်။ ဒါပေမယ့် အဲ့ဒီတုန်းက ခင်ဗျားက အခု ကျွန်တော့်ရှေ့မှာ ရှိနေတဲ့သူမဟုတ်ဘူး.. ကျွန်တော်လည်း အဲ့တုန်းက ကျွန်တော် မဟုတ်တော့ဘူးလေ။

"......"

ဟယ်အာ ဘာမှမပြောဘဲ ထယ်ရင်းရဲ့ လက်ဖဝါးပေါ်မှာ ပါးပြင်ကို ပွတ်လိုက်သည်။ သူ့ လက်မထိပ်ကို ဖွဖွလေး နမ်းရင်း အမြင်အာရုံတွေ မှုန်ဝါးသွားတဲ့အထိ စီးကျလာတဲ့ မျက်ရည်တွေက မိုးရွာသလိုပါပဲ။

ဘယ်လိုပြောရပါ့။ အတိတ်ကအတိုင်းသာဆိုရင် နောက် ဆယ်ရက်ကြာရင်၊ လတွေကြာရင်၊ နှစ်တွေကြာရင် ခင်ဗျား ကျွန်တော့်ကို ဒဏ်ရာတွေပေးပြီး နာကျင်အောင် လုပ်တော့မှာလို့။ ပျက်စီးသွားတဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ပြန်ပြင်ဖို့ကြိုးစားတိုင်း လမ်းတွေလွဲကုန်ခဲ့တာ။ အခုတော့ အတိတ်ကလို တစ်ခုမှ ပြန်မဖြစ်အောင် လုပ်တော့မှာမို့ အပြစ်တင်စိတ်တွေ ခံစားစရာမလိုတော့ဘူး.. ကျွန်တော် တစ်ယောက်တည်း သိထားပြီး မျိုသိပ်ထားရင် အကုန် အဆင်ပြေသွားမှာပါလို့..

ဟယ်အာ့ အတွေးတွေ ဆုံးသွားတော့,

"ဘတ်ဂျွန်းအူ လုပ်တာလား"

မထင်ထားတဲ့ နာမည်ထွက်လာတော့ သတိမထားမိဘဲ မျက်လုံးတွေ ပြူးကျယ်သွားသည်။ 'အဲ'ဆိုပြီး ညည်းသံလည်းမဟုတ် အာမေဋိတ်သံတစ်ခု ထွက်လာသည်။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now