အပိုင်း (၈၆)

1.1K 175 34
                                        

"ဘာလို့ ကျွန်တော့်ကို ရုတ်တရက်ကြီး..."

တစ်ခါမှ မမြင်ဖူးတဲ့ ဖော်ရွေတဲ့ မျက်နှာဖြစ်နေတဲ့ ရှီအွန်းချော ကြောင့် ဟယ်အာ စိတ်ထဲ ရှုပ်ထွေးသွားသည်။ ဒီတိုင်း မျက်နှာပြောင်ပြောင်နဲ့ပဲ 'ထယ်ရင်းကလေ' 'ထယ်ရင်းက' ဆိုပြီး ချောင်းထယ်ရငါ်အကြောင်းတွေပဲ ပြောပြီး ကြွားပြနေစေချင်သည်။ အရင်ကလို ဟယ်အာ့အပေါ် ဆိုးဆိုးရွားရွား ပြန် ဆက်ဆံစေချင်သည်။

တွေးနေတဲ့ ဟယ်အာ့ စိတ်ကို ဖတ်မိသွားသလိုနဲ့ ရှီအွန်းချောက မျက်မှောင်ကြုတ်သည်။ ခဏတာလောက် သနားဂရုဏာသက်ဟန်နဲ့ စိုစွတ်နေတဲ့ မျက်လုံးထဲမှာ ဒေါသရိပ်တွေ ပေါ်လာသည်။

'ဟုတ်တယ်.. ခုမှပဲ နည်းနည်း ရင်းနှီးတော့တယ်'

မျက်နှာတွေပူတက်ပြီး ရှီအွန်းချောက ဟယ်အာ့ကို စိုက်ကြည့်ပြီး ပြောသည်။

"ဂန်ဟယ်အာရှီကမှ ဘာလို့ ကျွန်တော့်အပေါ်ကို..."

မကြာခင်မှာပဲ ငှက်သံလား ပုရစ်သံလား မသိတဲ့ အော်သံတွေ ပဲ့တင်ထပ်လာသည်။ ကိုယ်ကနေ ထွက်လာတဲ့ ချွေးတွေ အရမ်းများလွန်းလို့ အွန်းချော ပေးထားတဲ့ ကုတ်အင်္ကျီ အတွင်းသားတွေပါ အကုန်စိုသွားသည်။ လျှောကျနေတဲ့ ကိုယ်ကို အတင်းအကျပ် ပြန်ပြင်ထိုင်ရင်း အွန်းချောကို မော့ကြည့်လိုက်သည်။

"...အကုန်လုံး သိပြီးသားမလား"

ဟယ်အာ့အတွက် နည်းနည်း ထူးဆန်းတဲ့ မေးခွန်းဖြစ်ပေမယ့်..

"အားလုံးသိရဲ့သားနဲ့ ဘာလို့ ထယ်ရင်းကို မပြောတာလဲ"

ဟယ်အာ အံ့ဩတာမျိုးတော့မဖြစ်မိပါ။

"အင်း..."

အသံကို နှိမ့်ချပြီး ထောက်ခံတဲ့ အသံမဟုတ်တဲ့ အာမေဍိတ်သံတစ်ခု ပြုလိုက်သည်။ ရှီအွန်းချော ထင်နေတာမှန်ပါသည်။ ဟယ်အာ အကုန်လုံး သိထားသည်။ ဒီ ထူးဆန်းတဲ့ မေးခွန်းရဲ့ အဓိပ္ပာယ်ကိုရော ရှီအွန်းချောရဲ့ ထင်မထားတဲ့ အပြုအမူတွေရဲ့ အကြောင်းရင်းကို... အားလုံး သိထားပြီးသားဖြစ်သည်။ အဲဒီနေ့... <အလင်းနှင့် သစ်ရွက်ကြွေ> တစ်ကိုယ်တော် ပြပွဲ ဖွင့်ပွဲနေ့မှာ အစ်ကိုကြီးဆီ ရိုက်ခံရပြီး အခန်းထောင့်မှာ လဲကျနေချိန် တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းဆုံမိတဲ့အခါ သိသွားခဲ့တာဖြစ်သည်။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Место, где живут истории. Откройте их для себя