အပိုင်း (၅၀)

1.5K 219 6
                                        

"စိတ်ဆိုးသွားတာလား?"

"ဒီတိုင်း ဘာပြောရမလဲကို မသိတော့ဘူး"

"ကျွန်တော်လည်း အတူတူပဲ"

ဂန်ဟယ်အာ အရမ်းချစ်ဖို့ကောင်းသည်။ ဘာပြောရမှန်း မသိအောင်ကို သူက ချစ်စရာကောင်းသည်။

ဘာဆက်ပြောရမလဲ မသိတာနဲ့ ဟယ်အာ့ကို လှမ်းဖက်လိုက်သည်။ အရပ်ရှည်ပြီး ကြီးကောင်ကြီးမားယောက်ျားတစ်ယောက်ကို ဒီလိုမျိုး ပွေ့ဖက်တာဟာ ပုံမှန်မဟုတ်ဘူးဆိုတာ သိပေမယ့် မတတ်နိုင်ပါလေ။ အခု ရှေ့မှာရှိနေတဲ့ ဂန်ဟယ်အာကို သေးငယ်တယ်လို့ပဲ ခံစားရသည်။ ရင်ခွင်ထဲမှာ မျက်နှာအပ်ပြီး ငိုနေတဲ့ သူ့ကြောင့် ထယ်ရင်းပါ မျက်လုံးတွေ စပ်ဖျဉ်းဖျဉ်း ဖြစ်လာသည်။

ငိုနေတာကို ချော့ရင်းနဲ့ ထယ်ရင်းရဲ့ လက်တွေက ဟယ်အာ့ရဲ့ နောက်စေ့ဆီ ရောက်သွားသည်။ ဆံသား နူးနူးညံ့ညံ့ကို ဖြည်းညှင်းစွာ ပွတ်သပ်ပေးနေရင်း ဖောင်းနေတဲ့ အဖုတစ်ခုကို လက်နဲ့ စမ်းမိလိုက်သည်။

ကြောက်စိတ်တွေက ရုတ်တရက် တလိပ်လိပ် တက်လာသည်။ စောစေယက အရက်ဆိုင်မှာ သူ့ကို တားဖို့လုပ်ရင်းနဲ့ မတော်တဆ ဟယ်အာ့ကို ရိုက်မိသွားတာလားဆိုတဲ့ ကြောက်စရာအတွေးတွေ တွေးမိသွားသည်။

"ဟယ်အာရှီ"

တုန်ယင်နေတဲ့ လက်တွေနဲ့ လက်သီးဆုပ်ပြီး ပါးစပ်ဟမိတော့,

"မဟုတ်ဘူး..."

ဟယ်အာက နှုတ်ခမ်းကို လှမ်းပိတ်လိုက်သည်။ တံဆိပ်တုံးနှိပ်သလို ဖိကပ်လိုက်တဲ့ အနမ်းတစ်ခုနဲ့ တားလိုက်ခြင်းပင်။

ဂန်ဟယ်အာ သိမှာမဟုတ်ဘူး။ ဟယ်အာ့ရဲ့ အပြုအမူတစ်ခုတည်းနဲ့ ထယ်ရင်း နှလုံးသားက အောက်ခြေအထိ ထိုးကျနိုင်သလို၊ တစ်ခါတစ်ရံ စိတ်ဝိဉာဉ်အထိပါ ငြိမ်းချမ်းရာရနိုင်တာကို။ အခုဆိုရင် ဟယ်အာ့ကို အရမ်းစွဲလမ်းနေပြီဖြစ်လို့ ဒီတိုင်းဆက်သွားရင် တကယ်ကြီးများ ရူးသွားမလားဆိုပြီး စိုးရိမ်ပူပန်နေတဲ့ အခိုက်အတန့်တွေကို သိမှာမဟုတ်ဘူး။ သူ့နဲ့အတူ အိပ်ရာတစ်ခုတည်းပေါ်မှာ လှဲပြီး စောင်တစ်ထည်တည်း အတူတူခြုံရချိန်တိုင်းဆို,

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now