အပိုင်း (၄၂)

1.9K 224 48
                                        

ထယ်ရင်းလဲ အူကြောင်ကြောင် ကျန်ခဲ့ကာ ထိုင်ခုံမှာ ထိုင်လိုက်သည်။ လေယာဉ်မယ်လေးက လိုတာထက်ပိုပြီး ဖော်ရွေနေကာ ထယ်ရင်းနား ဒူးကွေးထိုင်ကာ ဘာသောက်ချင်သလဲ လာမေးရှာသည်။ နေရခက်တာမို့ ကျေးဇူးပြုပြီး မတ်တတ်ရပ်ပေးပါလို့ ပြောလိုက်ရင်း ခရီးလမ်းစဉ်အကြောင်း နားထောင်လိုက်သည်။

ကန့်လန့်ကာနောက်က ဂန်ဟယ်အာကတော့ နောက်ပိုင်း တစ်ခါမှကို မျက်နှာမပြတော့ပါ။ စာအုပ်တစ်အုပ်တောင် ဖတ်လို့ ပြီးလို့ လေယာဉ်မယ်လေးကလဲ အစားအသောက် လာပေးတဲ့အထိ ဘာအသံမှ မကြားရပေ။

အရိပ်အခြည်ကြည့်နေတဲ့ လေယာဉ်မယ်လေးအစား ဟယ်အာ့ နေရာက ကန့်လန့်ကာကို ဖယ်ပေးလိုက်သည်။ ဟယ်အာက အိပ်ရာပေါ်မှာ ကွေးကွေးလေး အိပ်ပျော်နေသည်။ ကြည့်ရတာ အင်္ကျီလဲပြီးတာနဲ့ တခါတည်း အိပ်ပျော်သွားပုံရသည်။ တစောင်းလှဲပြီး နှုတ်ခမ်းမှာ လက်သီးဆုပ်လေး တေ့လျက် အိပ်ပျော်နေတဲ့ ဂန်ဟယ်အာ ပုံစံက တော်တော် ပင်ပန်းနေသည်။

အသာကြည့်မှ အရင်ကထက် ပိန်သွားပြီး မေးရိုးလေး ပိုပေါ်လာသလိုပင်။ လက်ထပ်ပွဲကြောင့် စိတ်ဖိစီးလို့ပဲလား မတည်ငြိမ်ကာလကြောင့်ပဲလားဆိုတာတော့ မပြောတတ်ပါ။

အံဆွဲထဲက စောင်တစ်ထည်ထုတ်ပြီး ခြုံပေးလိုက်ကာ နေ့လယ်စာကိုတော့ စားပွဲပေါ်ပဲ တင်ထားပေးလိုက်သည်။

*****

နေ့လယ်စာပန်းကန်တောင် လာသိမ်းပြီး ညစာ လာချပေးတဲ့အထိ ဂန်ဟယ်အာ မနိုးသေးပါ။

ဖလောရန့်စ်*ရောက်တာနဲ့ သူ့ကို တစ်ခုခု ကျွေးရမည်လို့ တွေးနေတုန်း လေယာဉ်ဆိုက်ပါတော့မယ်ဆိုတဲ့ ကြေညာသံကို ကြားလိုက်ရသည်။

လေယာဉ်မယ်လေး နောက်တစ်ကြိမ် ဟယ်အာ့ထိုင်ခုံဆီ ရောက်လာပြီး ကန့်လန့်ကာဘေးက နံရံကို ခေါက်ကာ အထဲကို ဝင်သွားသည်။

အဲ့တော့မှ ဂန်ဟယ်အာရဲ့ အသံကို ကြားရပြီး အသံဝင်ကာ တော်တော်လေး အိပ်ငိုက်နေပုံပေါ်သည်။ ပြီးနောက် ဆက်လာတဲ့ စကားကတော့ တော်တော်ရှည်သည်။ ဘာလို့မှန်းမသိ နှစ်ယောက်လုံးက ပြင်သစ်လိုတွေ ပြောနေကြလို့ ဘာပြောနေမှန်း ထယ်ရင်း တစ်လုံးမှ နားမလည်ပေမယ့်လို့ပေါ့။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Место, где живут истории. Откройте их для себя