အပိုင်း (၄၆)

1.7K 218 27
                                        

ရှီအွန်းချောက လှမ်းနောက်သည်။ သူ့ရဲ့ ပြုံးနေတဲ့ မျက်နှာကို ခဏဝေ့ကြည့်ပြီး စာရေးစားပွဲဆီကို သွားလိုက်သည်။ စစ်ဆေးရမယ့် စာရွက်စာတမ်းတွေကို အရေးကြီးတဲ့အစီအစဉ်နဲ့ လုပ်ဆောင်ရမယ့်ရက်စွဲအလိုက် memo တွေနဲ့ စနစ်တကျ ကပ်ထားပြီး ချထားသည်။ အလုပ်လုပ်တဲ့နေရာမှာတော့ တော်တော့်ကို သပ်ရပ်တဲ့ ရှီအွန်းချောပင်။

ချပေးထားတဲ့အစီအစဉ်အတိုင်း အသာလေး လှန်ကြည့်ရုံပဲရှိပေမယ့် ထူးထူးဆန်းဆန်း အလုပ်က ခရီးမပေါက်ဘူးဖြစ်နေသည်။ စာရေးစားပွဲရှေ့မှာ ရပ်နေရင်း စာရွက်ပေါ်မှာပါတဲ့ နှစ်နဲ့ရက်စွဲကို နှစ်ခါ သုံးခါလောက် ပြန်ဖတ်နေမိသည်။

ရှီအွန်းချောက မေးသည်။

"ဘာတွေ ငေးနေတာလဲ"

"နိုင်ငံခြားကနေ ပြန်လာတော့ အချိန်ကွာဟနေတာ အသားမကျသေးလို့လား၊ ဒါမှမဟုတ် သူငယ်ချင်းအတွက် လက်ဆောင်ကို မေ့ပြီး လည်ခဲ့လို့လား"

"အားလုံး အိမ်ကို ပို့လိုက်ပြီ။ နောက်မှပေးမယ်"

"နောက်မှဆိုတာ ဘယ်တော့လဲ"

ထယ်ရင်းက ဘာမှမဟုတ်သလို ပြန်ဖြေတော့ ရှီအွန်းချောက စိတ်မကောင်းတဲ့ပုံနဲ့ မေးသည်။

အဲ့ဒီမေးခွန်းကို ထယ်ရင်း ချက်ချင်းမဖြေနိုင်ခဲ့ပါ။ နည်းနည်းလောက် စဉ်းစားရမယ့်အချိန်ရောက်လာပြီဖြစ်သည်။ အွန်းချောနဲ့က တစ်ပတ်မှာ ၆ခါ အများဆုံး ၇ခါလောက်ထိ တွေ့တဲ့ သူငယ်ချင်းဆိုတော့ လက်ဆောင်အသေးလေးလောက်ကတော့ ကုမ္ပဏီမှာပေးလည်း ကိစ္စမရှိပါ။

ဒါပေမယ့် ထယ်ရင်းက အခု တစ်ကိုယ်တည်း မဟုတ်တော့ဘူးလေ။ အတွင်းရေးမှူးချုပ်ကိုပဲ သီးသန့်လက်ဆောင်ပေးတာက အများအမြင်မှာ ကြည့်လို့မကောင်းဘူး။ အဲ့ဒီလိုမဟုတ်ရင်တောင် အရင်ကတည်းက တချို့လူတွေက ရှီအွန်းချောနဲ့ ထယ်ရင်းနဲ့ကို သူငယ်ချင်းမဟုတ်ဘူး၊ တစ်ခုခုရှိနေတယ်လို့ ထင်ကြသည်။ အင်အားကြီး alpha နဲ့ အင်အားကြီး omega နှစ်ယောက် ပူးပူးကပ်ကပ် သွားလာနေတာ အကြောင်းတစ်ခုခုရှိတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now