...ထွက်ပြေးခဲ့မိတယ်။ ထယ်ရင်းရှီနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာ ကြောက်လို့... အစ်ကိုကြီးဆီက ရခဲ့တဲ့ စာရွက်စာတမ်းတွေနဲ့ ဓာတ်ပုံအချို့ကြောင့် ကြောက်လို့ ထွက်ပြေးခဲ့တာ။
ကျွန်တော် အရမ်းကို ကလေးဆန်ခဲ့တယ်။ ကလေးဆန်တဲ့ လုပ်ရပ်ကို လုပ်ခဲ့မိတာ။ အဲ့တုန်းကတော့ ထွက်ပြေးတာက အကောင်းဆုံး နည်းလမ်းလို့ပဲတွေးခဲ့တာပေါ့။ စိတ်ကောင်းရှိပြီး ကြင်နာတတ်တဲ့ ထယ်ရင်းရှီကပါ ကျွန်တော့်ကို အပြစ်တင်ပြီး ပစ်ပယ်လိုက်မယ်ဆိုရင်, သူ့ တက်လမ်းမှာ လာပိတ်နေတဲ့ ဆူးညှောင့်ခလုတ်လိုမျိုး ဖယ်ရှားပစ်လိုက်မယ်ဆိုရင်, ရိုက်လာမယ်ဆို ဘယ်လိုလုပ်မလဲ။ စိတ်ကူးနဲ့တင် အသက်ရှူရခက်လာပြီး.. စိတ်တွေလဲ ရှုပ်ထွေးခဲ့တယ်.. ရှက်ကြောက်ခဲ့တယ်.. ဒီ အိမ်ကြီးထဲမှာ လုံးဝ ဆက်မနေနိုင်တော့ဘူး။
အဲ့ဒါကြောင့် ထွက်ပြေးခဲ့တာ.. ကျွန်တော့်ဘက်မှာပဲ နေပေးမယ့် ဆရာအင်ရဲ့ အိမ်မှာ ပုန်းနေခဲ့တယ်။ သူ့အပြင် တခြားဘယ်သူနဲ့မှ တွေ့ဖို့ သတ္တိမရှိခဲ့ဘူး။ မကြာခင် omega ပြောင်းတော့မှာလို့ ခေါင်းမာမာနဲ့ ပြောခဲ့တဲ့ အတိတ်ကရက်တွေက တစ်စက္ကန့်အတွင်း စိတ်ပျက်ဖို့ကောင်းသွားတယ်။
ဆရာအင်ကတော့ ကျွန်တော့်ကို နှစ်သိမ့်ပေးဖို့ ကြိုးစားရှာပါတယ်။ ကျွန်တော် beta ဖြစ်ဖြစ် omega ဖြစ်ဖြစ် သူ့အတွက် အရေးမကြီးပါဘူးဆိုတဲ့ စကားကိုကြားရတော့ ဒါက နှစ်သိမ့်စကားလား ချုပ်နှောင်လိုက်တဲ့စကားလားဆိုတာတောင် ခွဲခြားမရခဲ့ဘူး။
အိမ်ပြန်ဖို့ သတ္တိမွေးလိုက်တိုင်း အစ်ကိုကြီး အီဟယ်က အဲ့သတ္တိတွေကို ရိုက်ချိုးလိုက်တယ်။ ဖြေရှင်းဖို့ ဘာမှ အားထုတ်မနေနဲ့.. မင်း omega မဟုတ်ဘူးဆိုတာသာ သိသွားရင် သူ မင်းကိုဘာပြောမယ်ထင်လဲဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့တင် ကျွန်တော့်ကို လှဲချဖို့ လုံလောက်ပါတယ်။
YOU ARE READING
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
RomanceTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
