နွေဦးညက ပျော်စရာကောင်းခဲ့သည်။ ပန်းချီဆရာ ဂန်ဟယ်အာအဖြစ် မဟုတ်ဘဲ ချောင်းထယ်ရင်းရဲ့ အမျိုးသား ဂန်ဟယ်အာအဖြစ် ရပ်တည်ပြီး လုပ်သင့်တဲ့ တာဝန်တွေကို လုပ်ခဲ့သည်။ ချဉ်းကပ်လာတဲ့ ဘယ်သူတစ်ဦးတစ်ယောက်မှ၊ ကြားလာရတဲ့ စကားလုံးတစ်လုံးမှ ဟယ်အာ့ကို တွန့်ဆုတ်သွားအောင် မလုပ်နိုင်ခဲ့သလို အရာအားလုံးက လွယ်ကူခဲ့သည်။ ချောင်းထယ်ရင်းရဲ့ ပါတနာအဖြစ် ရပ်တည်တာက ခေါင်းထဲမှာ အကြိမ်ပေါင်းများစွာ ကြိုတင်လေ့ကျင့်ထားခဲ့ပြီးသား ကိစ္စမို့ဖြစ်သည်။
AOM ရဲ့ ကိုယ်စားလှယ် ချောင်းထယ်ရင်း နာမည်တပ်ပြီး ဆုယူပြီးတဲ့နောက် ပါတီက ပိုပြီး အရှိန်တက်လာသည်။ ငြီးငွေ့ဖွယ်ကောင်းတဲ့ နှုတ်ဆက်စကားအချို့ ပြီးသွားတော့ လက်ပတ်နာရီက ည ၉ နာရီကို ပြနေပြီဖြစ်သည်။ နာရီကို ကြည့်ရတဲ့ အကြောင်းရင်းရှိပါသည်။ ရုတ်တရက် ခေါင်းမူးလာလို့ ပါတီပြီးဖို့ ဘယ်လောက်ကျန်သေးလဲဆိုတာ အတည်ပြုလိုက်ခြင်းပင်။
'အင်း...'
နားထဲမှာ တဝဲဝဲလည်နေတဲ့ စကားလုံးတွေက အားလုံး ဗလုံးဗထွေး ရောထွေးပြီး ကြားနေရသည်။ ဆူညံသံလို ပဲ့တင်ထပ်နေတဲ့ အသံတွေကို အကုန်နားလည်သလိုနဲ့ ဟယ်အာ အေးအေးဆေးဆေး ပြုံးပြလိုက်သည်။ နာကျင်နေတာကို ပေါ်မလွင်စေဘဲ သဘာဝအတိုင်း ပြုမူရင်း ထယ်ရင်းရဲ့ လက်မောင်းကို တစ်ချက်ပွတ်သပ်ပြီးနောက် နဂိုကတည်းက ဗလာဖြစ်နေတဲ့ ဝိုင်ခွက်ကို ကိုင်ပြီး ခြေလှမ်းတွေရွှေ့လိုက်သည်။
အဲ့ကနေ အိမ်သာထဲသွားပြီး ရေအေးနဲ့ လက်ဆေးလိုက်သည်။ ပါးစပ်ထဲအထိ ရှင်းလင်းပြီးသွားတော့ အသိပြန်ဝင်လာသည်။ အပြင်ထွက်လိုက်တော့ ဟယ်အာကို လိုက်ရှာဖို့ ကော်ရစ်တာအထိ ထွက်လာတဲ့ ထယ်ရင်းကို တွေ့လိုက်ရသည်။
"စကားဆက်ပြောနေတာမဟုတ်ဘူး။ ဘာလို့ ထွက်လာတာလဲ"
ပြုံးပြုံးရွှင်ရွှင်နဲ့ သူ့ ရှေ့ကို တိုးသွားပေမယ့် စိတ်ထဲကတော့ သက်ပြင်းချမိလိုက်သည်။
'မိသွားပြီပဲ'
အခုတော့ ချောင်းထယ်ရင်းဆိုတဲ့ ဒီ လူအတွက် ဂန်ဟယ်အာရဲ့ အတုအယောင် အပြုံးနဲ့ ဟန်ဆောင်မှုတွေက အရာမရောက်တော့ဘူး။
YOU ARE READING
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
RomanceTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
