အပိုင်း (၅၃)

1.4K 192 6
                                        

"ဟူး..."

သက်ပြင်းတစ်ချက်ချပြီး အစ်ကိုကြီး အီဟယ်ဆီ ဖုန်းခေါ်လိုက်သည်။ missed call ကို မသိချင်ယောင်ဆောင်ပြီး အချိန်ဆွဲထားလည်း ဘာကောင်းကျိုးမှ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ သိနေလို့ပဲ။

ဖုန်းဝင်သံက တူ..ခနဲ တစ်ကြိမ်ဝင်ပြီးတာနဲ့ ရပ်သွားသည်။

— ဂန်ဟယ်အာ

အစ်ကိုကြီးရဲ့ တင်းမာတဲ့ အသံကြောင့် စိတ်အေးရမယ့်နေ့မျိုး ရောက်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့မိဘူး။ ဒီနေ့က အဲဒီလိုနေ့မျိုးပင်။၂၆ နှစ်အရွယ် အကင်းမပါးတဲ့ ဂန်ဟယ်အာကို ဆူပူကြိမ်းမောင်းပေးမယ့် အစ်ကိုကြီးကို လိုအပ်တဲ့နေ့။ အဲဒီအသံက စိတ်အနှောင့်အယှက်ဖြစ်စရာ အတွေးတွေထဲ မျောနေတဲ့ ဟယ်အာ့ကို လက်ရှိအချိန်ဆီ ပြန်ခေါ်လာပေးသည်။

"အာ... ဆောရီး အစ်ကိုကြီး။ အလုပ်လုပ်နေတာနဲ့ အခန်းထဲပိတ်မိနေလို့ ရက်လွန်သွားတာ မသိလိုက်ဘူး။"

စပီကာကို အသံကျယ်ကျယ်ဖွင့်ထားရင်း ဟယ်အာ အဝတ်တွေ ချွတ်လိုက်သည်။ ပေကြံနေတဲ့ အလုပ်ဝတ်စုံကို ဇစ်ဆွဲချပြီး အဖြူရောင် တီရှပ်ကိုပါ ဆွဲလှပ်လိုက်သည်။

— ဪ အေးအေး။ ပြပွဲရော သေချာ ပြင်ဆင်နေရဲ့လား။ အဖေဆီက အဆက်အသွယ်ရတယ်မလား

"အင်း.. ဒီတစ်ခေါက် ပြပွဲတော့ အဖေကိုယ်တိုင် ပြင်ပေးမှာမို့လို့ ပန်းချီပဲ ဆွဲလို့ ပြောတော့ပြောတယ် ..."

သပ်ရပ်ပြောင်ချောနေတဲ့ ဗိုက်သားကို ဟိုဘက်ဒီဘက် စမ်းပြီး ဖိလိုက်သည်။ အဖုအကျိတ်တွေ ကင်ဆာအကျိတ်တွေ ဘာမှ ရှိမနေဘူး။ ချောမွေ့နေတဲ့ ရင်ဘတ်အောက်မှာလည်း နှလုံးသားက တဒိတ်ဒိတ် ခုန်နေသည်။ နံရိုးပေါ်မှာတော့ 'ကြွက်သားတွေ တောင့်တင်းအောင် လုပ်မယ်' ဆိုပြီး လေးလလောက် လေ့ကျင့်ခန်းလုပ်ခဲ့တဲ့ ကြိုးစားမှုရဲ့ ရလဒ်တွေ နည်းနည်း ကျန်ရစ်ခဲ့သည်။

– အေး ပြီးရော .. ပြဿနာ မရှာနဲ့။ မင်း လုပ်ရမယ့်အလုပ်ပဲ လုပ်

"အင်း.. အဲ့လိုပဲ လုပ်ရမှာပေါ့"

ပြောရင်းနဲ့ ဟယ်အာ မှန်ထဲကို စိုက်ကြည့်လိုက်သည်။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now