အပိုင်း (၁၇)

5.3K 786 120
                                        

[Unicode]

' ခြောက်နှစ်မတိုင်ခင်ကမို့လို့ အဲ့လိုခေါ်နေတာများလား... မဟုတ်ရင်.. ငါပဲ မှားသိထားတာလား?'

ပြန်ရှင်လာပြီးနောက် ကိစ္စအားလုံးကို ကြုံပြီးထားသလိုလို၊ ဘာလာလာ အကုန် မကောင်းမြင်နေတဲ့ ကိုယ့်ကိုကိုယ် ရှက်သွားမိသည်။ တကယ်ပဲ ဘယ်လို အသိစိတ်မျိုးနဲ့ ထယ်ရင်းကို တစ်ခွန်းမပြန် ပက်ပြီးမေးနေနိုင်ရတာလဲ။

'ကျေးဇူးပြုပြီး စိတ်ထိန်းစမ်းပါ, ဂန်ဟယ်အာ!'

ဘယ်နေရာမှာ ဘယ်သူနဲ့ပဲတွေ့တွေ့ စိတ်တိုင်းကျလုပ်ပါလို့ ပြောထားတာလဲ သူပဲ.. အဲ့ဒါကြောင့် ဟိုတယ်အခန်းလဲ တစ်ခန်းစီ သုံးပြီး ဒီတစ်ခေါက် ခရီးကို ဟန်းနီးမွန်းတွေဘာတွေ စဉ်းစားမနေဘဲ အားလပ်ရက်ထွက်လာတယ်လို့ တွေးလိုက်ပါလို့ tour guide လိုပြောခဲ့တာလဲ သူပါပဲ။ အဲ့လိုတွေ ပြောထားပြီးမှ ဖုန်းလေး နှစ်ခေါက် ဆက်မိတာကို မကြိုက်တဲ့ပုံစံမျိုး လုပ်နေရတယ်လို့... ဒီလို tour guide ဘယ်မှာရှိပါ့ဦးမလဲ။

".. ပြီးတော့.."

ရယ်ရင်းနဲ့ စကားစတဲ့ ထယ်ရင်းကို,

"မ... မဟုတ်ဘူး!"

ဟယ်အာက အလျင်အမြန် ဖြတ်တားလိုက်သည်။

"အ..အခု ရပြီ.. ဘာမှမဟုတ်တော့ဘူး​။ ကျွန်တော် နားလည်ပြီ... ဘာမှထပ်မပြောလဲရပါပြီ။ တောင်းပန်ပါတယ်.. ရုတ်တရက်ကြီး ထူးထူးဆန်းဆန်းတွေ ပြောမိလို့...."

"ပြီးတော့ ဂန်ဟယ်အာရှီ ရနံ့ကို မမုန်းပါဘူး.."

လွယ်အိတ်ကြိုးကို ကမန်းကတန်းနဲ့ ဆွဲကိုင်မိလိုက်တဲ့ လက်တွေက ပြေကျသွားသည်။ ထယ်ရင်းရဲ့ အနက်ရောင် မျက်လုံးတွေက ဘာလို့ နှစ်ဖက်တောင် ဖြစ်နေရတာလဲ.. ။ ဟယ်အာ့ရဲ့ မျက်လုံးတွေကလဲ အငြိမ်မနေဘဲ ဘယ်ညာ လှုပ်ရှားနေသည်။ ထယ်ရင်း မျက်ဝန်းထဲ ထင်ဟပ်နေတဲ့ ဟယ်အာ့မျက်နှာသည် တဖြည်းဖြည်း နီမြန်းတက်လာသည်။

"ဆိုးတယ်ဆိုတာထက် မွှေးပါတယ် ဟယ်အာရှီ့ ရနံ့က.. အဲ့ဒါကို သိလို့ ရေမွှေးဆွတ်တယ် မှတ်နေတာ.."

ဟယ်အာ့ ခေါင်းတစ်ခုလုံး လစ်ဟာသွားသည်။ ရနံ့မွှေးလို့ ဖုံးဖို့ ရေမွှေးဆွတ်ရသည်တဲ့.. အသေအချာကို မှားယွင်းနေပြီ။ ဟယ်အာတွေးထားတာက ဆန့်ကျင်ဘက်ဖြစ်နေသည်။ မကောင်းတဲ့အနံ့ ထွက်မှာစိုးလို့ လက်ကောက်ဝတ်၊ ခြေကျင်းဝတ်၊ နားအနောက်တွေထိပါ သေချာ ပွတ်တိုက်ဆေးပြီး ရေမွှေးနံ့တွေနဲ့ ဖုံးထားခဲ့ရတာ။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now