အပိုင်း (၇၂)

1.2K 170 11
                                        

"ဘာလဲ.. ဘာလို့ပြန်လာတာလဲ"

မျက်လုံးတွေကို ပြူးကျယ်စွာ ဖွင့်ရင်း ဟယ်အာ မေးလိုက်တော့,

"ကိုယ့်အိမ်ကိုယ် မလာရဘူးလား"

ထယ်ရင်းက တအံ့တဩနဲ့ ပြန်ဖြေသည်။

ခွေးထိန်းကျောင်းကနေ ခုမှ ပြန်လာတဲ့ ဒိုဂျင်းကို ရင်ခွင်ထဲ ပိုက်ထားရင်း ဧည့်ခန်းကို ကြည့်လိုက်သည်။ ဘာအကြောင်းမှ မကြားဘဲ ရုတ်တရက် အိမ်ကို ပြန်ရောက်လာတဲ့ ထယ်ရင်းက မျက်လှည့်ပြနေတာလည်းမဟုတ်သလို အဆင့်မြင့် VR ဗီဒီယိုလည်းမဟုတ်ဘဲ တကယ်ကြီး ဟယ်အာ့ရဲ့ အမျိုးသားက အိမ်နေရင်းဝတ်စုံနဲ့ ဆိုဖာပေါ်မှာ ထိုင်နေတာဖြစ်သည်။ အဖြူ လည်ဝိုင်းတီရှပ်နဲ့ ခြေထောက်ရှည်တွေကို ဖုံးအုပ်ထားတဲ့ ဂျင်းဘောင်းဘီအထိ အရမ်းကို သက်တောင့်သက်သာရှိတဲ့ ဝတ်စုံဖြစ်သည်။

"ဟင်...?"

ကြောင်တောင်ပြီး နှုတ်ဆက်စကားတောင် မပြောနိုင်သေးတဲ့ ဟယ်အာ့အစား ဒိုဂျင်းလေးက အမြီးတနံ့နံ့နဲ့ ခါပြီး သူ့ဆီ ပြေးသွားသည်။ တဟက်ဟက်နဲ့ လျှာထုတ်ရင်း ခုန်ပေါက်နေတဲ့ ဒိုဂျင်းကို ပွေ့ချီလိုက်တဲ့ ထယ်ရင်းရဲ့မျက်နှာက တစ်ခုခုကို ပြောချင်နေပုံပေါ်သည်။

"ခွေးကို ဘာတွေ ဝတ်ပေးထားတာလဲ"

ဟာဝိုင်အီရှပ်အင်္ကျီနဲ့ ဖရဲသီးပုံပါ ပဝါကို လည်ပင်းမှာ ပတ်ထားတဲ့ ဒိုဂျင်းကို ထယ်ရင်းက ပွတ်သပ်ပေးနေသည်။

"...ပြန်ရောက်ပြီလား"

ခွေးထက်တောင် အများကြီး နောက်ကျပြီးမှ နှုတ်ဆက်စကား ဆိုလိုက်သည်။

ထယ်ရင်းရဲ့မျက်နှာကို မြင်ရတာ တကယ်ကို ဝမ်းသာပါသည်။ တကယ်လို့ ဟယ်အာ့မှာလည်း အမြီးသာ ရှိခဲ့ရင် အခုချိန်လောက်ဆို ပန်ကာဖြစ်ပြီး လေပေါ်ပျံနေလောက်ပြီ။ ဘာလို့ ရုတ်တရက်ကြီး အကြောင်းမကြားဘဲ ဆိုးလ်ကို ပြန်ရောက်လာတာလဲဆိုတာကို စိတ်ပူမနေမိဘူးဆိုရင်ပေါ့လေ။

"ဘာကိစ္စများ ဖြစ်လို့လဲ"

ထယ်ရင်း ခဏတာ တိတ်ဆိတ်သွားသည်။ ပါးစပ်ပိတ်ထားရင်း သူက ဟယ်အာ ဘာတွေပြောနေလဲဆိုတာ  လုံးဝမသိဘူးဆိုတဲ့ပုံစံနဲ့ စူးစူးစိုက်စိုက် စိုက်ကြည့်နေသည်။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now