အပိုင်း (၃၂)

2.6K 266 33
                                        


တခစ်ခစ် ရယ်နေတဲ့ သူ့ကိုကြည့်ရင်း ထယ်ရင်းလည်း လိုက်ပြီး ရယ်လိုက်သလိုပဲ။ ဆောင်းဦးရာသီထဲက နေမင်းလို မှုန်ဝါးဝါးဆိုပေမယ့် သေချာပေါက် ထယ်ရင်းရဲ့ ရယ်မောသံမှန်ပါသည်။ သို့ပေသည့် ဟယ်အာ မော့ကြည့်လိုက်သည့်အချိန် ထယ်ရင်းက ဘာမှမဖြစ်လိုနှင့် ဘေးက စားပွဲကို လှမ်းကြည့်နေပြီ ဖြစ်သည်။

အရိပ်အခြည်ကြည့်ရင်း မိနစ်အနည်းငယ်ကြာ ငြိမ်ငြိမ်လေး စောင့်ခဲ့ပေမယ့် ထယ်ရင်းဆီကနေ ရယ်မောသံ ထပ်မကြားရတော့ပေ။

*****

"အာ!! ခဏလေးနေဦး!!"

ထယ်ရင်းကြားလောက်တဲ့အထိ အော်ရင်း လှေကတစ်လျှောက် ပြေးဆင်းသွားလိုက်သည်။ ၂ဆင်​​့ ၃ဆင့်လောက် ကျော်ပြီး ခုန်ဆင်းလိုက်လို့ ဒူးတွေပါ တဆတ်ဆတ် တုန်ပြီး ယမ်းကုန်သည်။ စောစောလေးကတင် အိပ်ရာကနိုးလာတာဆိုတော့ အိပ်မှုန်စုံမွှားနဲ့ လှေကားက နဂိုထက် ပိုကွေးကောက်နေသယောင်။ ထင်ရပေမယ့် .. ကော်ဇောတွေခင်းထားတာမို့ အရင်ကလောက် မကြောက်တော့ပေ။

သားကောင်ကို အမဲလိုက်နေသလို ပြေးလိုက်လာတဲ့ သူ့ကို ထယ်ရင်းက ဘာမှမပြောဘဲ ငေးကြည့်သည်။ ထယ်ရင်းရပ်နေတာက ဖိနပ်ချွတ်မရောက်ခင် တံခါးပေါက်ဝမှာဖြစ်သည်။ ဟယ်အာ ချော်လဲမှာစိုးလို့ လှမ်းဖမ်းတော့မယ့် ထယ်ရင်းရဲ့ လက်တစ်ဖက်က လေထဲမှာတင် တန့်ပြီး ပြန်ရုတ်သွားသည်။

ဟယ်အာက အိပ်ရာ နောက်ကျမှ ထတတ်လို့ သူ့ကို မနှုတ်ဆက်ဘဲ အလုပ်သွားတာက ဘာမှမဖြစ်ပါ။ 'သွားလိုက်ဦးမယ်' စကားတစ်ခွန်းကို မဖြစ်မနေ ပြောရမယ်ဆိုတာ ဂန်ဟယ်အာရဲ့ ၆နှစ်တာ မင်္ဂလာသက်တမ်းမှာ တစ်ရက်မှ မရှိခဲ့ဘူးပဲလေ။

ဒါပေမယ့်,

"ထယ်ရင်းရှီ အဲ့လိုကြီး ဝတ်ပြီးသွားမလို့လား"

ခင်ပွန်းဖြစ်သူက အဲ့ တောဆန်တဲ့ နက်ကတိုင်ကြီး စည်းပြီး အလုပ်သွားမှာကိုတော့ လုံးဝ ခွင့်မလွှတ်နိုင်ပါ။ ချောင်းထယ်ရင်းဆိုနဲ့ အမျိုးသားရဲ့ လည်ပင်းမှာ တပ်သမျှ နက်ကတိုင်တိုင်းက ချက်ချင်း သေဒဏ်ချခံသင့်သည်။ အခုချက်ချင်း ဆွဲဖြုတ်ပြီး ကတ်ကြေးနဲ​့ အပိုင်းပိုင်း ညှပ်ပစ်ဖို့ စိတ်ကူးထားသည်။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now