အပိုင်း - ၁၀၄

2K 167 1
                                    

Unicode

အပိုင်း - ၁၀၄ သူမအတွက်

"နှစ်ခုက အရမ်းများနေတယ်၊ ​​သူတို့ကို ကုန်အောင် မစားနိုင် လောက်ဘူး"

သူမကသူ့ကိုကြည့်ပြီးပြောလိုက်မိတယ်။

လုရိချန် နဲနဲ အနေခက်သလိုပြုံးပြီး သူ့နှာခေါင်းကိုတို့ထိလိုက်သည်။  ထို့နောက် သူကရှက်ရွံ့သောအမူအရာဖြင့် ပြောသည်မှာ

"တကယ်တော့ ... တစ်ခုက ကိုယ့်အတွက်ပါ"

"အယ်?" 

မုရှောင်းရှောင် သူမတစ်ခုခုကိုစဉ်းစားမိပြီး အနည်းငယ်အံ့သြသွားသည်။  သူမမျက်လုံးများပြူးသွားပြီးသူမကအံ့သြစွာအော်ဟစ်ရင်း

"အဲဒါဆို ဟိုတစ်ခေါက်တုန်းက ၀ယ်ခဲ့တဲ့ စတော်ဘယ်ရီကိတ်မုန့်ကလဲ ရှင့်အတွက်ပဲလား? ။ ကျွန်မ ထင်ခဲ့တာက ... "

သူ့ရည်းစားအတွက် ၀ယ်ခဲ့တာလို့ ထင်ခဲ့တာ။

ဒါပေမယ့်သူကိုယ်တိုင်အတွက် ဝယ်ခဲ့လိမ့်မယ်လို့ မထင်ခဲ့မိဘူး။

အချိုပွဲ ကြိုက်တဲ့ယောက်ျားလေးကို တွေ့ရတာ ထူးဆန်းသည်။  ဒါ့အပြင် စတော်ဘယ်ရီကိတ်မုန့်က  မိန်းကလေးတွေကြားရေပန်းစားတဲ့အချိုပွဲ ဖြစ်နေတာပင်

လုရိချန် ရှက်ရွံ့နေပုံရသော်လည်း ၀န်ခံရန် ခေါင်းငြိမ့်လိုက်ပြီး

"အင်း ဟုတ်တယ်"

ဟုပြောခဲ့သည်။

ဒီ လျှို့ဝှက်ချက်ကို သိလိုက်ရသောအခါ 
မုရှောင်းရှောင် အားရပါးရရယ်လိုက်ကာ  သူမ လုရိချန်ကိုတစ်ခုပေးလိုက်ပြီး နှစ်ယောက်သား ပျော်ပျော်ရွှင်ရွှင်စားသောက်ဖို့ ပြင်လိုက်သည်။

"ရှင်လည်းစား ကျွန်မတိုအကြိုက်တူညီနေမယ်လို့ ဘယ်တုန်းကမှမထင်ခဲ့မိဘူး။ ဒါက ကံကြမ္မာဖြစ်နိုင်တယ် "

သူသည် ရှန်တတွင် သူမပထမဆုံး ရခဲ့သောသူငယ်ချင်းဖြစ်ပြီးကံကြမ္မာက သူတို့ကိုစတော်ဘယ်ရီကိတ်မုန့်များကြောင့်အတူတကွ ဆုံတွေ့ စေခဲ့သည်။ ဒါက ခင်မင်တွေ့ဆုံဖို့ အခွင့်အလမ်းတစ်ခု ဆိုတာထက် ပိုလာမလားဆိုတာ
ဘယ်သူသိမှာလဲ?

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now