Unicode
အပိုင်း - ၂၁၂ သူမကို သတ်မှာမဟုတ်ဘူး
ပိုင်မိန်ကျောင်း ဝူဟောင်ပြောတာကို နားမ၀င်ဘဲ သူ့လက်ထဲမှ အိတ်ကို ယူရန် ဟန်ပြင်လိုက်သည်။"ငါ့ကို အိတ်ခဏ ပေး!"
ဝူဟောင်က သူမကို နားမလည်နိုင်စွာဖြင့် ကြည့်ပြီး အိတ်ကို အနောက်သို့ ပို့လိုက်လေသည်။ ကံကောင်းထောက်မစွာနဲ့ ပိုင်မိန်ကျောင်း အိတ်ကို ဆွဲယူတာခံရခြင်းမှ အချိန်မီ ရှောင်ထွက်နိုင်ခဲ့သည်။
"ဒီဟာတွေက အကိုကျဲ အတွက်။ မင်းဘာလုပ်ချင်တာလဲ။"
ဝူဟောင် သူ့ရှေ့က ပိုင်မိန်ကျောင်းကိုကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
"ငါ-ငါကြည့်ချင်တယ်! ငါကြည့်လို့မရဘူးလား?"
ပိုင်မိန်ကျောင်းက အရမ်းကို စိတ်တိုနေပြီး အိတ်ကို လုယူချင်နေသည်။ သို့သော်၊ ဝူဟောင်သည် သူမထက် အရပ်ပို၍ မြင့်သောကြောင့် သူမကို လုယူရန် လုံးဝ အခွင့်အရေးမပေးပေ။
ပိုင်မိန်ကျောင်း က ဝူဟောင်ကို စူးစူးရဲရဲ စိုက်ကြည့်ရင်း
"ဝူဟောင်! ကိုကိုကျဲ နဲ့ ငါ လမ်းခွဲပြီးပြီးဆိုပြီးတော့ ငါ့ကို အမှိုက်လို ဆက်ဆံနေတာလား"
အရင်ကတော့ သူမကို ခယ်မလေး ဟု ခေါ်ပြီး တော့တောင် ဖားနေသေးတယ်။ ယခုတော့ အမူအရာနဲ့ အပြုအမူတွေက သိသိသာသာ ပြောင်းလဲသွားသည်။
ဝူဟောင် က ရှက်ရွံ့စွာ ပြုံးပြီး
"အဲလို မဟုတ်ပါဘူး၊ ဒါပေမယ့်... မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ၊ ငါ့ကို ပြောပြနိုင်မလား"
ပိုင်မိန်ကျောင်း တခဏမျှ တုံ့ဆိုင်းသွားပြီး မုရှောင်းရှောင်ဆီက ဘယ်လို အနိုင်ကျင့်ခံရသည်ကို တွေးကာ ဒေါသ တိုးလာသည်။
"ရှင် မုရှောင်းရှောင် အတွက် အချိုရည်တွေဝယ်လာတယ် မလား? ကျွန်မကို ပေး!"
ထိုသို့ပြောပြီးနောက် သူမရဲ့ စကပ်အိတ်ကပ်အတွင်းမှ အမှုန့်အချို့ပါရှိသော ပုလင်းကို ထုတ်လိုက်သည်။
YOU ARE READING
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...