Unicode
အပိုင်း - ၁၈၅ အလွန်ရက်ရော၏။
စိတ်ဓာတ်ကျနေသော ဟန်ယွမ်အာ သည် သူ၏ နှစ်သိမ့်စကားများကို ကြားပြီးနောက် ချက်ချင်း မျက်ရည်ကျလာသည်။"ကျေးဇူးတင်ပါတယ် အန်ကယ်ကြီး "
ဟုပြောရင်း သူမအသံမှာ ၀မ်းနည်းမှုကြောင့် အနည်းငယ် တုန်ယင်နေသည်။
အိမ်တော်ထိန်းမှာ သက်ပြင်းသာချရပြီး ဘာပြန်ပြောရမှန်းမသိ။ ကားမောင်းသူကို ဟန်ယွမ်အာ အား အိမ်ပြန်ပို့ရန် ညွှန်ကြားပြီးနောက် သူကိုယ်တိုင်ကတော့ ပင်မအိမ်သို့ ပြန်လာခဲ့သည်။
တံခါးပိတ်ထားသည့်တိုင် ဟန်ရွယ်အာတစ်ယောက် အိမ်တွင်းမှာလူများကို အော်ဟစ်သံကို သူမ ကြားနေရဆဲပင်။
ဟန်ယွမ်အာ ဤဇိမ်ခံအိမ်ကြီးကို အဆက်မပြတ် စိုက်ကြည့်ရင်း ဒေါသနှင့် မျက်လုံးများ နီရဲလာကာ သူမ၏ နှလုံးသားထဲတွင် မနာလိုမှုများ ပြည့်နှက်နေသည်။
ဟန်ရွှယ်အာ၊ အစ်မ နင့်မှာ ကောင်းတာတွေ အများကြီး ရှိပြီး လူတွေအားလုံးက နင့်ကို ကောင်းကောင်း ဆက်ဆံတယ်။ နင် သူတို့ကို မမြတ်နိုးရင် ငါ့ကို ဘာလို့ မပေးတာလဲ။
သူမ၏ အတွေးများသည် ဟန်ချီချင် ဆီသို့ ပျံ့လွင့်သွားသည်။
သူတို့နှစ်ယောက်လုံးက ဟန်မျိုးရိုးပင်
ဟန်ချီချင် သည် မြို့တော် A မိသားစုကြီးလေးခုရဲ့ အမြင့်မြတ်ဆုံးသော မိသားစုများထဲက တစ်ခုတွင် မွေးဖွားခဲ့ပြီး သူမကို အားလုံးက ချစ်ခင်နှစ်သက်ကြသည်။ သူမသည် မင်းသမီးလေးလို ဘဝကို ဖြတ်သန်းခဲ့ရပြီး မည်သူမဆို လိုချင်တောင့်တတိုင်း ရနိုင်သည့် အရာအားလုံးကို ပိုင်ဆိုင်ထားသူဖြစ်သည်။
ဒါပေမယ့် သူမ ကတော့ …
ဟန်ယွမ်အာ က နာကြည်းစွာဖြင့် သွားများကို ကိုက်လိုက်သည်။ သူမသည် အငယ်အနှောင်း၏ ကလေးဖြစ်သောကြောင့် အဘယ်ကြောင့် ထိုကဲ့သို့ နှိပ်စက်ရသနည်း။သူတို့နှစ်ဦးစလုံးသည် ဟန်ကောင်းလင် ၏သမီးများဖြစ်ကြသော်လည်းသူမ က ဒုတိယအဆင့်ကျောင်းကိုတက်ရောက်ရချိန်တွင် ဟန်ရွှယ်အာ သည် ရှန်တကျောင်း ကိုတက်ရောက်နိုင်သည်။ ဟန်ရွှယ်အာ သည် ချမ်းသာစည်းစိမ်ကိုခံစားရင်း ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းနိုင်ခဲ့သည်။ သို့သော် သူမကိုယ်တိုင်က တော့ လူတိုင်းက သူမကို နှစ်သက်စေရန်အတွက် နောက်မှာပဲ နေရင်း အမြဲကိုယ်ကို ကိုင်းညွတ်နေခဲ့ရသည်။
ŞİMDİ OKUDUĞUN
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomantizmThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...