အပိုင်း - ၂၁၁

985 60 0
                                    

Unicode

အပိုင်း - ၂၁၁ အပို လိုက်ပွဲ

မုရှောင်းရှောင်သည် တစ်စုံတစ်ခုကို သတိရသွားရကာ ယင်းရှောင်ကျဲ ကိုကြည့်လိုက်ပြီးတော့

"ကျဲ နင် နေ့လည်အထိပဲနေမှာ မှတ်လား၊ နေ့လည် အတန်း
ပြန်တက်သင့်ဘူးလား"

ယင်းရှောင်ကျဲ တစ်မနက်လုံး သူမအနားမဏ္ဍာ တောက်တဲ့လို တွယ်ကပ်နေခြင်းကြောင့် စောင့်ကြည့်ခံနေရသလို လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်ကို ခံစားခဲ့ရသည်။ထို့ကြောင့် မုရှောင်းရှောင် သူမကို ယင်းရှောင်ကျဲ  စောင့်မကြည့်တော့ဘဲ ဒုတိယနှစ်ကို အမြန် ပြန်သွားစေလိုတဲ့  ဆန္ဒ အမှန်တကယ် ရှိခဲ့သည်။

"စူးစူးရှရှနဲ့ ပြင်းထန်သောအကြည့်များကြောင့် သူမ ယုကျန်နဲ့ စကားမပြောရဘဲ  ကျောင်း၏ အတင်းအဖျင်းသတင်းများစွာကို လက်လွတ်ခဲ့ရသည်။ ယင်းရှောင်ကျဲ ကတော့ သူ့ထိုင်ခုံနောက်ဘက်သို့ မှီ၍ အနည်းငယ် စိတ်မကျေမနပ် ဖြစ်နေသည်။

"မင်းက  ငါ အဖော်လုပ်ပေးတဲ့ စေတနာကောင်းကို မကြိုက်ဘူးလား ? "

ဒီလိုမျိုး သူ အဖော်လုပ်ပေးတာကို လိုချင်တဲ့ မိန်းကလေးတွေ အများကြီးရှိတယ်ဆိုတာ သူမ မသိဘူးလား။ ဒီကောင်မလေးက ဘာလေးလားဟ ?

သူတို့ပတ်ဝန်းကျင်က အတန်းဖော်တွေက ဒီစကားကြားတော့ အသက်ရှုကြပ်သွားရသည်။

စေတနာကောင်း

ဒါက ဘယ်လိုအခြေအနေလဲ။

မုရှောင်းရှောင်က သခင်လေးကျဲ နဲ့ စကားခွန့်တုံ့ပြောဖို့ သတ္တိရှိတဲ့ အပြင် သူအ‌ဖော်လုပ်ပေးတာကိုတောင် မထီမဲ့မြင်ပြုနေတာလား။

သူမဦးနှောက် တစ်ခုခုများ မှားနေသလား။

အထူးသဖြင့် မုရှောင်းရှောင်သည် မိန်းကလေးများကို ရန်စပျိုး စေခဲ့ပြီး  မနာလိုမှုနှင့် အားကျမှုအဆင့်များ မြင့်တက်လာခဲ့သည်။

ကောင်မလေးတွေက

" မုရှောင်းရှောင်‌ ရေ သခင်လေးကျဲက နင့်ကို  အဖော်လုပ်ပေးတာကို မလိုချင်ရင် ငါတို့ကို ပေးလိုက်ပါ။ ငါတို့လိုချင်တယ် အရမ်းကို လိုချင်တယ်၊လိုချင်လွန်းလို့  ငါတို့ ရူးတော့မယ်ဟဲ့ !"

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now