အပိုင်း - ၁၁၁

1.7K 155 4
                                    

Unicode

အပိုင်း - ၁၁၁ နာကျင်စေသောစကားများ

"နည်းနည်းနာနေတယ် ၊ ဒါပေမယ့်ငါအဆင်ပြေပါတယ်"

လို့သူမကထပ်ပြောလိုက်မိတယ်။ အုပ်စုဖွဲ့ရိုက်နှက်ခံရတာက မြင်ရတာထက် တကယ်ကို ပ်ယိုကြောက်စရာကောင်းပေမယ့်
ကန်ချက်အချို့ကသာ နာစေပြီး သူတို့ကသူမကိုကျန်တဲ့အချိန်တွေမှာ ဆွဲလားယမ်းလားလုပ်‌ နေတာကြောင့် ဒဏ်ရာများက အရမ်း မပြင်းထန်ပါ။

ကုတ်ခြစ်ရာဖြစ်တဲ့ သူမလက်မောင်းက အနီရောင်အစင်းရာတွေကို ယင်းရှောင်ကျဲ ကြည့်ပြီး  သူ့နှုတ်ခမ်းတွေကို ကွေးညွှတ်ပြီး

"နဲနဲ နာတယ် ...?? "

ယင်းရှောင်ကျဲ မုရှောင်းရှောင် လက်မောင်းက ဒဏ်ရာတွေကို စမြင်လိုက်သည်နှင့် သူ၏ချောမောသောမျက်နှာသည် မှုန်မှိုင်းလာရသည်။

စူးရှသောအကြည့်ဖြင့် သူက မိန်းကလေးများအားစကင်ဖတ်သလို ကြည့်ကာ ရေခဲလို‌ အေးစက်‌ နေတဲ့ လေအသံဖြင့်

"သူမကိုဘယ်သူကကုတ်ခြစ်ခဲ့တာလဲ?"

ဟု မေးသည်။

သူရဲ့ အေးစက် မှောင်မိုက်နေတဲ့ အမူအရာကြောင့်  မိန်းကလေးများအားလုံးထိတ်လန့်သွားကြသည်။  သူတို့က သခင်လေးကျဲကို ဒီလိုမျိုးတစ်ခါမှမမြင်ဖူးတာကြောင့်  ကြောက်ရွံ့တုန်လှုပ်ကာခြေတစ်လှမ်းဆုတ်သွားကြသည်။

"ဘယ်သူကသူမကို ကန်ပြီး ရိုက်တာလဲ!"

ယင်းရှောင်ကျဲ ဒေါသတကြီး အော်ပြန်သည်။

မုရှောင်းရှောင်ကို ကန်ပြီး ရိုက်ခဲ့သော မိန်းကလေးနှစ်ဦး သည်သူတို့မျက်နှာပေါ်တွင်ကြောက်ရွံ့မှုများ ပေါ်လာခဲ့သည်။  သူတို့ကအဲဒါကိုဖုံးကွယ်ဖို့ကြိုးစားခဲ့ပေမယ့် ယင်းရှောင်ကျဲက အကဲခတ်နေ၍  မြင်ခဲ့ပြီးဖြစ်သည်

သူရဲ့ အေးစက်တဲ့အကြည့်တွေက ထိုမျက်နှာနှစ်ခုပေါ်မှာ တည်ရှိနေသည်။ထိုအကြည့်ကြောင့်  မိန်းကလေးနှစ်ယောက်ကြောက်ရွံ့ထိတ်လန့်သွားပြီး သူတို့တစ်ကိုယ်လုံးတုန်လာသည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Dove le storie prendono vita. Scoprilo ora