Unicode
အပိုင်း - ၂၂၁ မုရှောင်းရှောင် က အလင်းထဲမှာ ရှိနေပြီး ညီမတို့က အမှောင်ထဲမှာ ပုန်းနေတာ
ဟန်ရွှယ်အာ ဤအရာဖြစ်လာမည်ကို သူမမမျှော်လင့်ထားသလို ခေတ္တငြိမ်သက်သွားသည်။
"ဒါဆို တရားခံက ဘယ်သူလဲ ?"
သူမက အလျင်စလိုမေးလိုက်မိသည်။
ဟန်ယွမ်အာ က အေးဆေးတဲ့ လေပြေအေးနဲ့ပဲ
" အစ်မအရမ်းမုန်းတဲ့ တခြားတစ်ယောက်- ပိုင်မိန်ကျောင်း"
"ဘာလို့လဲ သူမလဲ ။ နင် အဲ့မိန်းမကို ဘယ်လို အပြစ်ဖို့မှာလဲ ?"
ဟန်ရွှယ်အာ အဖြစ်အပျက်ကို အခုမှ ကောင်းကောင်းကြီး သဘောပေါက်သွားတယ်လို့ ခံစားလိုက်ရပြီး ကျေနပ်သွားတဲ့ ဟန်ယွမ်အာ က
"အခု နုံအလှတဲ့ ပိုင်မိန်ကျောင်း သူမကိုယ်သူမ အပြစ်တင်ဖို့ပဲ တတ်နိုင်တော့မှာ၊ ဘယ်သူက အခုအချိန်မှာ မုရှောင်းရှောင် ကိုဒုက္ခပေးလို့ ခိုင်းလို့လဲ ?ပိုင်မိန်ကျောင်း ဒီမနက် မုရှောင်းရှောင်ရဲ့ စားပွဲအံဆွဲထဲ ယားယံမှုန့်တွေပါတဲ့ လက်ဆောင်သေတ္တာကို ဝှက်ထားခဲ့သေးတယ်။ ကံမကောင်းစွာနဲ့ပဲ မုရှောင်းရှောင်မျက်နှာပေါ်ကို အမှုန့် မလောင်းမိဘဲ ကိုယ်ဘာသာကိုယ်
လောင်မိတယ်တဲ့လေ ၊ သားကောင်ကို ဖမ်းပေမယ့် သူတိုင်ပဲ သားကောင်ဖြစ်သွားရတယ် ဟင့် ဟင့် ၊ မုရှောင်းရှောင် အဲကောင်မလေးက က အခုထိ ကံကောင်း နေတုန်းပဲ !”ဟန်ယွမ်အာ နောက်ဆုံး စကားပြောရင်း သွားများကို အံကြိတ် လိုက် သည် ။
ဟန်ယွမ်အာ စိတ်ထဲမှာ မနာလို ဖြစ်စွာနဲ့ တွေးတောနေတာက မုရှောင်းရှောင်ရဲ့ မျက်နှာပေါ် ယားယံမှုန့်သည် ဘာကြောင့် မထိသွားရလဲ ဆိုတာပင်။ အကယ်၍ ထိသွားခဲ့ပြီ မုရှောင်းရှောင် ရဲ့ ဖြူစင်တဲ့ အလှ ပျက်သွားတာ အကောင်းဆုံးဖြစ်မှာကိုပင်။
သို့သော် ပိုင်မိန်ကျောင်းသည် သူမ၏အကြံအစည်ကို အောင်မြင်စွာ အကောင်အထည်မဖော်နိုင်လောက်တဲ့အထိ အလွန် တုံးအမိုက်မဲလွန်းလှသည်။
YOU ARE READING
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...