Unicode
အပိုင်း ၂၄၀ - စူးစမ်းခြင်း (၄)
ဒါကိုကြားတော့ ယင်းရှောင်ကျဲရဲ့ မျက်နှာက အရောင်ပိုမည်းလာသလို၊
ဟန်ချီချင် သည် မုရှောင်းရှောင်ကို မ ပြောမီ ယင်းရှောင်ကျဲ ၏အမူအရာကို တစ်ချက်ကြည့်လိုက်သည်။ ပြီးမှ တမင်တကာ
"Wow နင်ရဲ့ချစ်သူဖြစ်လာအောင်လုပ်နိုင်တဲ့သူက အရမ်းချောမှာပဲ ။ သူက ဘယ်လိုလဲ ချောလာ ခန့်လား ရှောင်းရှောင်၊ မြန်မြန်ပြော သူ့အကြောင်းပြောပြ"
တကယ်တော့ သူမဟာ စူးစမ်းချင်စိတ်ပြင်းပြနေတယ် — မုရှောင်းရှောင်ကို စွဲဆောင်နိုင်တဲ့ ကောင်လေးဟာ ထူးခြားတဲ့လူဖြစ်သင့်တယ်မဟုတ်လား ။
မုရှောင်းရှောင် ဟန်ချီချင်ကို မနိုင်ဘူးဆိုတဲ့ သဘာနဲ့ သူမခေါင်းကို ယမ်းကာ သူ့အကြောင်း တွေးလိုက်မိသည်။
“ရုပ်ရည်အရဆိုရင် သူက တော်တော်ချောတယ်။ သူ့က အကျင့်စာရိတ္တကောင်းပြီး ကျန်တဲ့သူတွေ အပေါ်လဲ ကောင်းပါတယ်…”
လို့ အနည်းငယ်ရှက်ရွံ့စွာ ပြောလိုက်သည်။
သူမဖော်ပြတဲ့လူနဲ့ သူမတို့နှစ်ယောက်က လေးနက်တဲ့ဆက်ဆံရေးရှိပုံရသည်။ !
ဟန်ချီချင် ယင်းရှောင်ကျဲကို လျှို့ဝှက်စွာ တစ်ချက်ကြည့်လိုက်သည်။ သခင်လေးယင်း၏ချောမောသောမျက်နှာသည် ယခုအခါ နှင်းခဲကဲ့သို့ အေးစက်နေပုံရသည်။
သူမ လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ကာ သူမတို့ထိုင်နေတဲ့ တဲလေးကပါ ချက်ချင်း အေးခဲသွားသလိုပင်။
လူကဲခတ်တော်တဲ့သူက မြို့တော်ဝန်ရဲ့သား စုန့်ရှီကျွင်း ပင်။ ယင်းရှောင်ကျဲ ၏ နက်မှောင်သော အမူအရာကို မြင်သောအခါတွင် သူတို့သည် စည်းကျော်သွားပြီဟု သိလိုက်ပြီး မုရှောင်းရှောင်ရဲ့ စကားကို လျင်မြန်စွာ နှောက်ယှက်လိုက်ပြီး လမ်းကေကာင်းပြောင်းလိုက်သည်။
"ကောင်းပြီ၊ ငါတို့ဂိမ်းကို ဒီမှာအဆုံးသတ်လိုက်မယ်။ တော်တော်နောက်ကျနေပြီ။ ရေပူစမ်းမှာ သွားစိမ်ကြရအောင်။ မကြာခင် အိပ်ရာဝင်ချိန်ရောက်တော့မှာ ”
YOU ARE READING
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...