အပိုင်း - ၁၃၂

1.4K 115 2
                                    

Unicode

အပိုင်း -၁၃၂ လိမ်ညာမိခြင်းအတွက် အပြစ်ရှိသလို ခံစားရခြင်း။

မုရှောင်းရှောင် ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူမ ချက်ချင်း ခေါင်းခါလိုက်သည်။

"မဟုတ်ဘူး၊ မဟုတ်ဘူး! ရှင် မှားနေပြီ။"

သက်ပြင်း လေးအသာချကာ သူ့ရည်းစားနှင့်ပတ်သက်သည့် ကိစ္စသည် အလွန်လျှို့ဝှက်ဆန်းကြယ်သည်ဟု အစပိုင်းတွင် သူမထင်ခဲ့သောကြောင့် သူမရဲ့ စူးစမ်းချင်စိတ်ကို တုန်လှုပ်သွားစေခဲ့သည်။


ဒါပေမယ့် အဲရည်းစားက တကယ်မရှိတဲ့လူမှန်းသိလိုက်ရတဲ့အခါ စူးစမ်းလေ့လာခြင်းရဲ့ ပျော်ရွှင်မှုကို မခံစားနိုင်တော့တဲ့အတွက် သူမ စိတ်ပျက်သွားခြင်းပင်။

"ဒါဆို ဒီအပတ်စနေနေ့ ရုပ်ရှင်ကြည့်ဖို့ သဘောတူမှာလား? "

လုရိချန် က ဒီကိစ္စကို ဆက်ပြီး ပြောမနေတော့ ဘာကြောင့်‌လဲဆိုတော့ ဒီကောင်မလေးက သူမ၏ခံစားချက်များကို ထုတ်ဖော်ပြနေသလို သူမ၏အပြောအဆိုနဲ့ အအမူအရာတွင် ရှင်းရှင်းလင်းလင်း တွေ့မြင်နေရတာကြောင့်ပင် ။

သူမကို တစ်ချက်ကြည့်လိုက်တော့ သူနားလည်သွားပြီး သူမကို ဆက်မေးနေဖို့ မလိုအပ်တော့ဘူးလို့ ခံစားလိုက်ရတယ်။

မုရှောင်းရှောင် က အစီအစဉ်မှာ ဘာပြဿနာမှမရှိဘူးလို့ ထင်တာကြောင့် သူမက အလွယ်ပဲ ခေါင်းညိတ်ပြီး

"အိုး- ကောင်းပြီ၊ ဒါဆို စနေနေ့ တွေ့မယ်။အခု တော့ တကယ် သွားရမယ် "

သူ့‌ ရှေ့က သေးသေးလေး ပြေးထွက်သွားတာကို ကြည့်ပြီး လုရိချန် ပြုံးလိုက်မိပြန်သည် ။ ဒီရက်ပိုင်း မမျှော်လင့်ဘဲ သူတော်တော် ပြုံးမိနေတာပင် ။

...

တိုက်ခန်းကို ပြန်ရောက်လာတဲ့အခါ

မုရှောင်းရှောင် တံခါးကို တိတ်တဆိတ်ဖွင့်ပြီး အသံမထွက်အောင် သေချာပိတ်လိုက်ကာ ဝင်ပေါက်မှာ ခါးကို ကွေးပြီး ဖိနပ်ကို အသာလေး ချွတ်လိုက်သည် ။


ရုတ်​တရက်​ပင်​ သူမ ​သေးသွယ်​သည့်​ ကိုကိုယ်လေးရပေါ်တွင်​ အရိပ်​တစ်​ခု​ကကပေါ်လာကာ ထိုအရိပ်ဆီက အေးစက်သောအသံတစ်ခုက

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now