Unicode
အပိုင်း - ၁၁၈ သူ့၏အခြားတစ်ဖက်
ကျောင်း၏ဆေးခန်းတွင် မုရှောင်းရှောင် သည် ရုတ်တရက် ရုန်းရင်းဆန်ခတ်ဖြစ်နေသည့်အသံကို ကြားလိုက်သောအခါတွင် အမျိုးသမီးဆရာဝန်က ပွန်းပဲ့နေသောနေရာများကို ဆေး လိမ်းပေးနေဆဲဖြစသည်။
အသံများက အောက်ထပ်ကနေ လာပုံရသည် ။
“ဒေါက်တာ… အသံ တစ်ခုခု မကြားဖူးလား…”
လို့ မေးတော့ တစ်စုံတစ်ယောက်က သူမနာမည်ကို လှမ်းအော်လိုက်သည်။
" မုရှောင်းရှောင် ! ငါတို့တောင်းပန်ပါတယ်! ငါတို့ကိုခွင့်လွှတ်ပါ!"
သို့သော် ထို အသံတင်မက တဟီးဟီးနဲ့ ငိုရှိုက်နေသံများက ဆက်တိုက်ဆိုသလို ထွက်လာသည် ။
မုရှောင်းရှောင် ရုတ်တရက်ဆိုတော့ ရှက်သွားသည်။
ဟင် ဒီအခြေအနေက ဘာကြီးလဲ။ ယင်းရှောင်ကျဲက မိန်းကလေးတွေကို လာငိုခိုင်းတာလား ? ။ တောင်းပန်ဖို့ ဒီကို ခေါ်လာခဲ့တာလား?ထိုအချိန်တွင် ယင်းရှောင်ကျဲက အခန်းထဲသို့ ဝင်လာခဲ့ လေသည်။ သူ ပထမဆုံးလုပ်သည်မှာ အမျိုးသမီးဆရာဝန်ကိုကြည့်ကာ
"အကုန် ပြီးပြီလား၊ သူ့အခြေအနေဘယ်လိုလဲ"
ဟုမေးသည်။
အမျိုးသမီးဆရာဝန်က အမြန်ထရပ်ပြီး
"သူ့ဒဏ်ရာက မပြင်းထန်ပါဘူး ။ အပေါ်ယံဒဏ်ရာပဲဖြစ်ပြီး ဆေးသောက်ပြီးရင် ပိုကောင်းလာမှာပါ "
"ကောင်းပြီ"
ယင်းရှောင်ကျဲသည် ထိုအခါမှ တကယ်ပဲ စိတ်သက်သာရာ ရသွားသည်။ သူက မုရှောင်းရှောင် ကိုကူညီဖို့ လမ်းလျှောက်လာပြီး
"လာ၊ ငါမင်းကိုပြစရာရှိတယ်"
လို့ပြောလိုက်တယ်
ထိုစကားက မုရှောင်းရှောင် အစောပိုင်း ခန့်မှန်းထားတဲ့ အတွေးကို အတည်ပြုလိုက်သောကြောင့် ယင်းရှောင်ကျဲရဲ့ ချောမောသော မျက်နှာကို ကြည့်ပြီး ပြုံးလိုက်မိသည်။
မုရှောင်းရှောင် ဆေးပေးခန်းရဲ့ လသာဆောင်သို့ လျှောက်သွားကာ အောက်ထပ်က အခြေအနေကို မြင်လိုက်ရသဖြင့် အံ့ဩသွားခဲ့သည်။
YOU ARE READING
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...