အပိုင်း - ၁၆၅

1.3K 99 1
                                    

Unicode

အပိုင်း - ၁၆၅ ထိုကဲ့သို့ ခံစားရခြင်း မရှိပေ။


မုရှောင်းရှောင် သည် သူမ၏ ကံဆိုးခြင်းကို နှစ်သက်သည် သို့မဟုတ် သူ့ကို လှောင်ပြောင်နေသည့် ဤပတ်ဝန်းကျင်ရှိ လူများအားလုံးနှင့် အထူးသဖြင့် သူမအား ပြန်ပြောလိုခြင်း တစ်စက်မှ မရှိသည့် အပြင် တကယ်ကို စိတ်မသက်မသာ ခံစားနေရသည်။

"ငါတို့ လည်း ဝင်ရအောင်။"

သူမသည် ဟန်ချီချင် ကို ကျောင်းတံခါး၀မှ ဆွဲ ခေါ်ကာ ကျောင်းထဲ၀င် လိုက်သည်။

မုရှောင်းရှောင် လူစုလူဝေးနှင့် ဝေးကွာသွားပြီးနောက် သူမ ပို၍ စိတ်အေးသွားမည်ဟု ထင်ခဲ့မိသည်။ သို့သော် သူမ၏ ရင်ဘတ်ထဲတွင် တင်းကျပ်ကာ မောပန်းနေသောခံစားမှုက ရပ်တန့်မသွား။

သူမဘာလို့ဒီလိုခံစားရတာလဲ။ မုရှောင်းရှောင် ဒီလိုမျိုး တစ်ခါမှ မခံစားဖူးဘူး ၊

ဟန်ချီချင် ပြောခဲ့သလိုပဲ သူမ တကယ် သ၀န်တို နေတာ ဖြစ်နိုင်ပါ့မလား။

မဟုတ်ဘူး။ မဟုတ်ဘူး! သူမ ဘယ်လိုဖြစ်နိုင်မလဲ။

မုရှောင်းရှောင် က သူမခေါင်းကို ခါယမ်းလိုက်ပြီး ထိုအတွေးကို အမြန်ဖယ်ရှားလိုက်မိသည်။

ယင်းရှောင်ကျဲကို သူမ ဘာကြောင့် သ၀န်တိုရမှာလဲ ။
သူ အလိုရှိသောသူနှင့် စိတ်ကြိုက် တွဲနိုင်သည်။ အရင်က တောင်  တခါမှ မဖြစ်ဖူးတဲ့  သ၀န်တိုတာမျိုးက အခုမှ လာပြီး   သ၀န်တိုတာမျိုးဖြစ်ရမှာ လဲ။

ဟန်ချီချင် သူမခေါင်းကို နားမလည်နိုင်အောင် ခါယမ်းကာ မျက်မှောင်ကြုတ်ကာ အောဟိုက်နေသော  အသက်ရှူသံအောက်တွင် နားမလည်နိုင်သော အရာတစ်ခုကို ရေရွတ် နေတဲ့ မုရှောင်းရှောင်ကို လေ့လာလိုက်ပြီး  သူမ လက်မောင်းကို ဖက်ထားကာ

"ရှောင်းရှောင်! စိတ်ဓာတ်ကျမနေပါနဲ့၊ နင်  စိတ်မချမ်းသာ ငါ့ကို ပြောပြနိုင်သလို၊ မင်းသားရူး  ယင်းရှောင်ကျဲ ကိုလည်း ငါတို့ အတူတူ ကြိမ်းမောင်းလို့ ရပါတယ်!"

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Opowieści tętniące życiem. Odkryj je teraz