Unicode
အပိုင်း - ၁၇၉ မင်းက ဘယ်သူလဲ?
မုရှောင်းရှောင် ပိုင်မိန်ကျောင်းကို မြင်တော့ ယမန်နေ့က ယင်းရှောင်ကျဲ ပြောခဲ့သော စကားများကို ပြန်သတိရမိသည်။"မင်း သူ့ကို ဘယ်အတန်းကို ကန် ထုတ်ချင်လဲ၊ Class A ဒါမှမဟုတ် Class F ဒါမှ မဟုတ် သူ့မူရင်းအတန်းလား? နှစ်ခုစလုံးက အဆင်ပြေပါတယ်၊ အားလုံးက မင်းစိတ်ကြိုက် ပြော "
ယင်းရှောင်ကျဲ က ဒါတွေအားလုံးကို ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း သူ့အမိန့်တစ်ခုတည်းက တခြားသူရဲ့ ကံကြမ္မာကို ဆုံးဖြတ်နိုင်တယ်ဆိုတာ သူမစိတ်ထဲ ဘယ်တော့မှ မမေ့။
Class A နှင့် Class F အကြား ကွာခြားချက်မှာ အံ့မခန်းပင်။
ပိုင်မိန်ကျောင်း သည် အလွန်အသုံးမကျသော မိန်းကလေးဖြစ်သည်။ အကယ်၍ သူမကို Class F သို့ ပြောင်းရွှေ့ခံရပါကသူမအတွက် သေဆုံးခြင်းနှင့် ညီမျှသည်မဟုတ်ပါလော။
ဒါပေမယ့် ပိုင်မိန်ကျောင်းက ရှန်တကျောင်းကနေ ဘယ်တော့မှ ထွက်သွားမှာ မဟုတ်။ အဆိုးဆုံးအတန်းဖြစ်တဲ့ Class F မှာ ပြောင်ခံရရင်တောင်မှပေါ့ ။ ထို့အပြင် Class S ကို ရောက်ဖူးသူ မည်သူမှ အဲဒီလို ပြန်ပြောင်းဖို့ ဆန္ဒရှိမှာ မဟုတ်။
အဘယ်ကြောင့်ဆိုသော် ရှန်တအထက်တန်း၏ ကျောင်းသားအဖြစ် တံဆိပ်ကပ်ခြင်းခံရခြင်းမှာ လူ့အဖွဲ့အစည်း၏ အထက်တန်းလွှာအသိုင်းအဝိုင်းတွင် အလွန်ဂုဏ်ယူစရာ ဖြစ်သောကြောင့်ဖြစ်သည်။
မုရှောင်းရှောင်က မရယ်ဘဲ မနေနိုင်။ ယခု သူမလက်ထဲတွင် ပိုင်မိန်ကျောင်း ၏ ကံကြမ္မာ ရှိသည်ဟု ဆိုလိုခြင်း မဟုတ်လော။
တစ်စုံတစ်ယောက်ရဲ့ ကံကြမ္မာကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားကို သူမ ပထမဆုံးအကြိမ် တွေ့ကြုံခဲ့ရတာ ဖြစ်သည်။ ပြောမပြနိုင်တဲ့ ထူးဆန်းမးတဲ့ ခံစားချက်တစ်ခု ရှိနေသလိုပင် ။
သူမ မသိစိတ်က ပိုင်မိန်ကျောင်း ကို တစ်ချက်ကြည့်လိုက်တယ်။
ပိုင်မိန်ကျောင်း သည် သူမ၏ အကြည့်ကို သတိပြုမိပြီး သူမ၏ ခန္ဓာကိုယ်သည် ထိန်းမရ တော့ဘဲ အေးခဲသွားသည်။ ဒါပေမယ့် သူမသည် သတ္တိရှိဟန်ဆောင်ကာ ပါးစပ်ကိုဖွင့်ကာ
YOU ARE READING
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...