အပိုင်း -၂၃၉

829 59 0
                                    

Unicode

အပိုင်း ၂၃၉ - စစ်ဆေးခြင်း (၃)

မုရှောင်းရှောင်  ယင်းရှောင်ကျဲရဲ့ မေးခွန်းကို သူမ ဘယ်လို တုံ့ပြန်ရမှန်း မသိတာကြောင့်   ခဏတာ မိန်း‌မောနေခဲ့သည်။

စကားသံ ပေါ်မလာပေမယ့်၊ သူမရဲ့ ဦးနှောက်ထဲတွင် အတွေးပတ်ချာလည်ကာ စဉ်းစားနေမိသည်။

တစ်ယောက်မှ မရှိခဲ့ဘူးဆိုရင် သူမရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမှာ မဟုတ်ဘူးလား?

ယင်းရှောင်ကျဲသည် ရာနှင့်ချီသော မိန်းကလေးများနှင့် ချိန်းတွေ့ဖူးကြောင်း ထုတ်ဖော်ခဲ့သည်။ သူမမှာ အရင်က ရည်းစားမရှိဘူးလို့ ပြောလိုက်ရင်  လှောင်ပြောင်ခံရမှာ မဟုတ်ဘူးလား။

မဟုတ်ဘူး၊ အဲဒီလို မဖြစ်ရဘူး။

ဒါက ရှက်စရာကောင်းလွန်းတယ်။

နှစ်ယောက်၊ သုံးယောက်၊ ဒါမှမဟုတ်  ခုနစ်ယောက်၊ ရှစ်ယောက်လောက်ပြောရင် ကောင်းမလား?

ခုနစ်ယောက်၊ ရှစ်ယောက်လောက်  များနေမလားပဲ ။
ဒါပေမယ့် နှစ်ယောက်၊ သုံးယောက်ကျတော့လဲ  အရမ်းနည်းနေမလား။

ဒါမှမဟုတ်... သုံးလေးယောက်ပြောရင်ကော

မုရှောင်းရှောင် ၏ အတွေးများသည် ခဏလေးအတွင်း ရှုပ်ထွေးသွားတော့သည် ။

ယင်းရှောင်ကျဲ က သူမဘာတွေတွေးနေလဲဆိုတာကို သိနေပုံရသည်။ သူမကို လေးလေးနက်နက် စိုက်ကြည့်ရင်း

“မင်း အမှန်အတိုင်းပြောရမယ်။ မလိမ်နဲ့!"

မုရှောင်းရှောင် သူ့ကို ဗြောင်ကျကျကြည့်ရင်း အာရုံများ ပြန်လည်ရောက်ရှိလာသည်။

"အင်း -သိပါတယ် ငါအမှန်အတိုင်းပြောမှာပါ။ ဘာပဲဖြစ်ဖြစ် အမှန်တရားကို ရွေးပြီးကတည်းက အမှန်အတိုင်းပြောရမယ်ဆိုတာ နင် ငါ့ကိုမပြောလဲ  ငါသိတယ်!"

"ဒါဆို မြန်မြန်လုပ်! ဒီမေးခွန်းက ခက်တာလဲ မဟုတ်ဘဲနဲ့ ”

ယင်းရှောင်ကျဲ က သူ့မေးစေ့ကို လက်နဲ့အုပ်ပြီး သူမကို မကျေမနပ် စိုက်ကြည့်နေသည်

ဒီမေးခွန်းကို ဖြေဖို့ အချိန်အကြာကြီး လိုတာလား။

ဒါမှမဟုတ် သူမအရင်က ယောက်ျားလေးအများကြီးနဲ့ တကယ်ချိန်းတွေ့ဖူးပြီး အရေအတွက်ဘယ်လောက်လဲဆိုတာ  မမှတ်မိတော့လို့  ရေတွက်ဖို့ ဦးနှောက်တွေ အလုပ်ပေးနေခဲ့တာလား။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now