အပိုင်း -၂၅၅

768 50 0
                                    

Unicode

အပိုင်း ၂၅၅ - သူတို့ရဲ့ ပထမဆုံး အနမ်း (၁)

သူ့ဖော်ပြချက်ကိုကြားတော့ ယင်းရှောင်ကျဲ က မကျေမနပ်မျက်မှောင်ကြုတ်သွားသည် ။

"မင်းမျက်နှာကမှ  မျောက်ရဲ့ဖင် ။ စကားတစ်ခွန်း ကြားကြည့်ရုံနဲ့ မင်း ဘယ်လောက်ယဉ်ကျေးသိမ်မွေ့လဲဆိုတာကို အကုန် ပြောပြနိုင်ပါတယ် — ပိုကြော့ရှင်းတဲ့ သရုပ်ဖော်စကားလုံးတွေ ဘယ်လိုသုံးရမလဲ မင်း မသိဘူးလား။

ဒီအတိုင်းပဲ စုန့်ရှီကျွင်း လိုချင်တဲ့မေးခွန်းကို ဖြေဖို့ ရှောင်လိုက်သည်။

သူနဲ့ မုရှောင်းရှောင် ကြားမှာ တစ်ခုခုရှိတယ်‌လေ။
ဒီအကြောင်းကို သူကဘာလို့ စုန့်ရှီကျွင်းကို ပြောပြရမှာလဲ။

သူနဲ့ ရှောင်းရှောင်ရဲ့ လျှို့ဝှက်ချက်ပဲကို။

သို့သော် စုန့်ရှီကျွင်း ၏စကားကြောင့် မုရှောင်းရှောင် ၏မျက်နှာသည် အဘယ်ကြောင့်နီရဲသွားရလဲဆိုတာကို အံ့သြသွားမိသည်။

မနေ့ညက ဖြစ်ပျက်ခဲ့တာကို သူမ သိ‌နေတာလား။

ဆုံးမခြင်းခံရသော စုန့်ရှီကျွင်း ကတော့  သူ့နှာခေါင်းကို ပွတ်သပ်ကာ အပြစ်ကို ပြန် သုံးသပ်နေပုံပေါ်သည်။

စာအုပ်ထဲမှာလဲ  အနီကို  မျောက်ဖင်နီလို  နီရဲနေတယ်လို့  အများအားဖြင့် နှိုင်းယှဉ်သုံးကြတယ် မဟုတ်လော။

အဲဒါက သူ့ကို ဘယ်လိုနည်းနဲ့ မယဉ်ကျေးတဲ့ လူစေတာလဲ။

မဟာသခင်လေးယင်း သည် မုရှောင်းရှောင် ကို အလွန်ကာကွယ်ထားပုံရပြီး သူမအား ထိုကဲ့သို့ ဖော်ပြခွင့်မပြုခဲ့ပေ။

သူ ဒီလောက်ထိ ကာကွယ်ပေးမှာလား။

ယင်းရှောင်ကျဲ က သူ့ကို စိုက်ကြည့်နေတယ်။

"အဲဒါ မင်းကြားတာ အကုန်လား? တခြား ရှိသေးလား?"

စုန့်ရှီကျွင်း က ပခုံးတွန့်ကာ

"မဟုတ်ဘူး၊ ဒါပဲ ငါကြားတယ်။ပြီးတော့ သူတို့ ထောင့်သွားပြီး သီးသန့်စကားပြောကြတာ။  ဒါနဲ့ မနေ့ညက မင်းနဲ့ မုရှောင်းရှောင်…”

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now