အပိုင်း -၂၁၄

965 67 1
                                    

Unicode

အပိုင်း -၂၁၄  ဒါကို ဘယ်လိုရှင်းပြမလဲ။

ပိုင်မိန်ကျောင်းအနားမှာ ထိုင်နေတဲ့ သူတွေအားလုံးက အမှုန့်တွေ အမှုန့်တွေ တင်သွားပေမယ့်  သူမကို လှောင်ပြောင်နေကြဆဲပင်။  သူတို့ရဲ့လက်တွေ ယားယံလာမှသာ အမြန် ကုတ်ကြတော့သည်။

"အရမ်းယားယံတာပဲ၊ ဒီအမှုန့်က ဘာလဲ၊ အဆိပ်ရှိလား"

ကျောင်းသူများ  ကုတ်ခြစ် နေကြတာကြောင့် လက်မောင်းများတွင် အနီရောင်အစင်းကြောင်းများ ပေါ်လာသည်။ ဉာဏ်ကောင်းသူများကတော့   မကုတ်ကြဘဲ အမှုန့်များကို ရေဖြင့် လျင်မြန်စွာ ဆေးကြောခြင်း သို့မဟုတ် အ၀တ်စိုနဲ့ အမှုန့်များကို ဖယ်ရှားဖို့ အသုံးပြုကြသည်။ ပိုင်မိန်ကျောင်း သည် အချိန်အတန်ကြာ မလှုပ်မယှက်ဘဲ ဖြစ်နေကာ  နောက်ဆုံးတော့ သူမမျက်နှာကို စကုတ်ပြီး

"ယားတယ်၊ ယားတယ်၊ အရမ်းယားတယ်!"
ပိုင်မိန်ကျောင်းသည် မုရှောင်းရှောင် ကို ဒေါသတကြီးစိုက်ကြည့်ကာ

"နင် မင်းအပြစ်ပဲ!"

ဤအခိုက်အတန့်တွင် မုရှောင်းရှောင် ပိုင်မိန်ကျောင်းအား ပစ္စည်းအား ထိုနေရာတွင် ထားခဲ့သူဖြစ်ကြောင်း အတည်ပြုနိုင်လုနီးပါးပင်။

မုရှောင်းရှောင် ပိုင်မိန်ကျောင်းကို သနားတဲ့စိတ် မခံစားခဲ့ရပေ။

ယင်းရှောင်ကျဲ ကသာ  လုံလောက်သော လျှင်မြန်မှု မရှိပါက ရုပ်ပျက်ဆင်းပျက်သူက သူမသာဖြစ်လိမ့်မည် ။

မုရှောင်းရှောင် ပိုင်မိန်ကျောင်းကို စိုက်ကြည့်ရင်း  ရယ်လိုက်ပြီး

"နင် စောစောက ငါ့ရဲ့ စားပွဲမှာ သံသယရှိစရာတွေ လုပ်နေတာ ဆိုတော့  ဒီ ထူးဆန်းတဲ့ သေတ္တာကို ထားတဲ့သူ  နင်ပဲ ဖြစ်ရမယ်!"

"ငါ မဟုတ်ဘူး! နင် ငါ့ကို စွပ်စွဲနေတာ!"

ပိုင်မိန်ကျောင်း အရူးအမူး ငြင်းဆန်လိုက်ကာ သူမဘေးနားက ကောင်မလေးဆီက ယူလာတဲ့ အစိုတစ်ရှူးကို လုလိုက်ပြီး မျက်နှာပေါ်က အမှုန့်တွေကို အမြန်သုတ်လိုက်သည်။ သို့သော်လည်း သူမသည် ယားယံခြင်းကို ခံစားရဆဲဖြစ်သည်။ပိုင်မိန်‌ကျောင်း ၏ ယခင်က ဖြူစင်ကြည်လင်သော မျက်နှာသည် အခု  အမာရွတ်များနှင့် ပြည့်နှက်နေခဲ့ပြီး  တော်တော်  စိတ်အနှောက်အယှက် ဖြစ်စရာပင်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now