Unicode
အပိုင်း-၁၅၄ မသင့်မြတ်
ယင်းရှောင်ကျဲ ရက်စက်ကြမ်းကြုတ်စွာ သူမကို အတင်းနမ်းလိုက်တဲ့ အချိန်မှာ သူမက မျက်လုံးတွေ မှိတ်ထားရုံသာ တတ်နိုင်သည် ။ သို့သော် ယနေ့ ယင်းရှောင်ကျဲရဲ့ အာဏာရှင်ဆန်တဲ့ အပြုအမူသည် သူမ၏နှလုံးသားကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
"ယင်းရှောင်ကျဲ !"
မုရှောင်းရှောင် ဒေါသများစွာနဲ့ အတင်းအော်လိုက်မိသည်။အခုကြည့်ရတာ သူမတကယ်ဒေါသထွက်နေပုံပင်။ ယင်းရှောင်ကျဲ ၏ တောက်ပသော မျက်လုံးများကို ကြည့်လိုက်မိရာ သူ၏ နက်မှောင်သော မျက်၀န်းများသည် ပုံမှန်ထက် ပိုတောက်ပပြီး လှပနေသည်ကို သတိပြုမိပြန်သည်။"နင်က အရူးပဲ!"
မုရှောင်းရှောင် က အော်ဟစ်ကာ ယင်းရှောင်ကျဲကို ကြိမ်းမောင်းသည်။ သူမသည် သူ့ခြေထောက်ကို ချိန်ရွယ်ပြီး ရှိသမျှအားဖြင့်တက်နင်းလိုက်ကာ သူမအား ဆုပ်ကိုင်ထားသော သူ့ရင်ခွင်မှ လွတ်မြောက်သည်နှင့် ချက်ချင်းပင် သူ့ထံမှ ပြေးထွက်သွားသည်။ ယင်းရှောင်ကျဲ သည် ခေတ္တမျှ အေးခဲသွားပြီး မှင်သက်နေမိကာ လိုက်သွားရန် မတွေးမိ။ အတော်ကြာမှ
"SH*T!" ဟူသည့် ကျိန်ဆဲခြင်းကို ပြုလေ၏။ သူက ကုလားထိုင်တစ်လုံးကို ကန်ချလိုက်ပြီး အပြစ်မဲ့တဲ့ ကုလားထိုင်လေးက လဲကျသွားပေမယ့် သူ့ဒေါသက အပြည့်အ၀ ဖြေလို့မရခဲ့။ ဒါ့ကြောင့် သူသည် စားပွဲပေါ်ရှိ ပစ္စည်းအားလုံးကို ကြမ်းပြင်ပေါ်သို့ တွန်းချပစ်လိုက်မိသည်။D*mmit! D*mmit!
ယင်း ရှောင်ကျဲ အသိစိတ်လွတ်ကာ ရှောင်းရှောင်အပေါ်ပြုမူမှုကြောင်ါလမိမိကိုယ်ကို ပြင်းပြင်းထန်ထန် ကြိမ်းမောင်းလိုက် ပေမယ့် သူအခု တကယ် ဒေါသထွက်နေတာက ကိုယ့်ကိုကိုယ်လား မုရှောင်းရှောင်ကိုလား ဆိုတာ သူ့ကိုယ်တိုင်တောင် ရှင်းရှင်းလင်းလင်း မသိတော့ပေ။
...
ယင်းရှောင်ကျဲ က သူမကို လိုက်ဖမ်းမှာကြောက်လို့ မုရှောင်းရှောင် က မရပ်ရဲ။ သူမ အောက်ထပ်သို့ ပြေးဆင်းလာခဲ့ပြီး လမ်းတွင် အပန်းဖြေရာမှ ထွက်လာသော ဟန်ချီချင်နှင့် တွေ့ဆုံခဲ့သည်။
KAMU SEDANG MEMBACA
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomansaThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...